Murder: Non- Human 10 - He is a singer and a ghost

5.2K 730 57
                                    


Zhan Zhao က Bai Yutang ကို တစ်ချက်ကြည့်လိုက်သည်။
"ငါတို့ ဘယ်လိုလုပ်ကြမလဲ..Bao Sir တော်တော် စိတ်ဆိုးနေပုံရတယ်.."

Bai Yutang က မျက်ခုံးပင့်ပြသည်။
"ရဲစခန်းမှာ ဒီလောက် လူတွေ ဖြစ်ပျက်နေကြတာ စိတ်မဆိုးပဲ နေမလား"

Bao Sir ရုံးခန်းထဲ လိုက်ဝင်သွားတော့ Bao Zheng က ဆိုဖာပေါ် ကုတ်အင်္ကျီပစ်တင်ပြီး စတင် ဆဲဆိုကြိမ်းမောင်းတော့သည်။ Zhan Zhao နှင့် Bai Yutang တို့က ထောင့်နားလေးမှာ ကုပ်ကုပ်လေး မတ်တပ်ရပ်၍သာ နေရလေသည်။

"ဒီကိစ္စက မင်းတို့ လောလောဆယ် လိုက်နေတဲ့ အမှုနဲ့ ပတ်သက်နေတာလား"
Bao Zheng က စီးကရက်ကို ပစ်ထုတ်ရင်း ပြောလိုက်သည်။

"ဟို... အဲဒါ.. ဟုတ်သလိုလိုပဲ..."
Bai Yutang က Zhan Zhao ကို ကြည့်လိုက်သည်။

"ဟုတ်ပါတယ်... အမှုအသွားအလာအရ မှန်တယ်လို့ ပြောလို့ရပါတယ်"
Zhan Zhao က ရဲဝံ့စွာ ပြန်ဖြေသည်။
"ဒါပေမဲ့ စစ်ဆေးဖို့ အချိန်ယူရဦးမယ်"

Bao Zheng က မီးညှိနေဆဲ စီးကရက်ကို ပြာခွက်ထဲ ဒေါသဖြင့် ဖိညှစ်ထည့်လိုက်သည်။ သူ့အပြုအမူများကြောင့် Bai Yutang ရော Zhan Zhao ပါ တံတွေးမြိုချမိလေသည်။

Bao Zheng က အသက်ပြင်းပြင်း တစ်ချက်ရှူ လိုက်ပြီး စကားပြောဖို့ ပြင်ရုံရှိသေး..။ Bai Yutang ၏ ဖုန်းက ရုတ်တရက် ထမြည်လာသည်။ ကြည့်လိုက်တော့ Ma Han ဆက်ခြင်း...

Zhan Zhao ကလဲ Bai Yutang ကို ပြောလိုက်သည်။
"Xiao Bai... Ma Han ဆက်တာဆို မြန်မြန်ကိုင်လိုက်..သူတို့ တစ်ခုခု တွေ့သွားတာ ဖြစ်ရမယ်"

"အင်း..."
Bai Yutang က ဖုန်းကို ကိုင်ထား၍ တံခါးဖွင့်ကာ Bao Zheng ကို လှမ်းပြောလိုက်သည်။
"ကျွန်တော်တို့ အလုပ်အရင် သွားလိုက်ပါဦးမယ် ခင်ဗျ.."
Bao Zheng ကြည့်နေတုန်း နှစ်ယောက်သား အလျင်အမြန်ပြေးထွက်သွားကာ Bao Zheng အထဲမှ လှမ်းအော်လိုက်သော စကားကို မသိချင်ယောင်ဆောင်၍ သွားကြလေသည်။
"တစ်ပတ်အတွင်း ရရင်ရ...။
မရရင် မင်းတို့ အိမ်သာဆေးရမှာနော်..."

အခန်းအပြင် ရောက်လာပြီဖြစ်သော နှစ်ယောက်သားကတော့ Bao Sir အထဲမှ ဘယ်လောက်အော်အော် ဂရုမစိုက်တော့ပါလေ...။ Bai Yutang က ဖုန်းကို ကိုင်လိုက်သည်။
"Ma Han ဘာဖြစ်လို့လဲ"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now