Zawgyi
Gongsun က အသေးစိတ်စစ်ဆေးပြီးနောက် ထောင်အခန်းထဲမှထွက်ကာ Zhan Zhao နှင့် Bai Yutang ဆီ သွားလိုက်သည်။
"အဖြေက... " Bai Yutang က မေးလိုက်သည်။
"အဆိပ်ခတ်ခံရတာ"
Gongsunက လက်အိတ်ချွတ်ရင်း ပြန်ဖြေ၏။"အဆိပ်တဲ့လား? ?"
Bai Yutang က သူ့ရှေ့က ထောင်စောင့်ရဲတွေကို တစ်ချက်ကြည့်လိုက်သည်။
"သူက အဆိပ်ကို ဘယ်ကရတာလဲ"ထောင်စောင့်ရဲလေးရဲ့ မျက်နှာမှာ ဖြူလျော့ပြီး သွေးမရှိတော့ပေ။
"မဖြစ်နိုင်တာ။ သူ့ကို အပြင်ထုတ်ရင် အမြဲချုပ်ထားနေကြပါ။ ပြီးတော့ ဘယ်သူကမှလဲ သူ့နားကို မသွားကြဘူး။""စိတ်ငြိမ်ငြိမ်ထားပါ"
Zhan Zhao က ထောင်စောင့်ရဲလေးကို ညင်သာတဲ့လေသံဖြင့် ပြောကာ Bai Yutang ကို ပြန်ကြည့်သည်။
"အခု ဘယ်လိုလုပ်မှာလဲ"Bai Yutang က ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်သည်။
" ဒါက ထောင်ရဲ့ အထူးအချုပ်ခန်းပဲ။ အမြဲတမ်းပိတ်ထားတာ။ ဒါပေမဲ့ ဒီနေရာ တည်ဆောက်ပုံက ထူးခြားတယ်။ အခန်းတိုင်းကို ပိတ်ထားတယ် ဒါပေမဲ့ ကော်ရစ်ဒါက အတူတူပဲ။ Wu Hao အခန်းကို ရောက်ဖို့ သူ့ရှေ့က အချုပ်ခန်းနှစ်ခန်းကို ဖြတ်မှရမှာ။ ဒါပေမဲ့ ပြသနာက...."Bai Yutang က ခဏရပ်လိုက်ပြီး Zhan Zhao နားနားကပ်ပြောသည်။
"အဲဒီ အချုပ်သားတွေက ပုံမှန်မဟုတ်ဘူး။ မင်းရဲ့ပညာတွေ ထုတ်သုံးမှရမှာ။Wu Hao က အချုပ်ခန်း ၃မှာနေတာ။ ဒါပေမဲ့ လှေကားက တစ်ခုပဲရှိတယ်။ အချုပ်ခန်း ၁ နဲ့၂ကို ဖြတ်ပြီးမှ Wu Hao အခန်းကို ရောက်မှာ။ပထမဆုံးအခန်းက အချုပ်သားက အရမ်းဆိုးရွားတဲ့ လူသတ်မှုကို ကျူးလွန်ခဲ့တာ ။ နာမည်က Liu Wei ၃၉နှစ်။ ပြင်းထန်တဲ့ စိတ်ရောဂါရှိပြီးတော့ တစ်ခါတစ်လေ စိတ်ဖောက်တတ်တယ်။
ပထမအခန်းက အရူး။ နောက်ဒုတိယအခန်းကလဲ အရူးပဲ။
သူရဲ့ နာမည်က Qin Jaiqi ၁၉နှစ်အရွယ် ဆေးကျောင်းသား။ သူကတော့ အိပ်နေရင်းနဲ့ သူ့အခန်းဖော်ကို တိုက်ခိုက်တာ။ "
အခုထိတော့ အထူးဧည့်တွေ့ခန်းမှာ Bai Yutang က အကျဉ်းသားနှစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်ကို ကြည့်ရင်း အံ့သြနေသည်။
YOU ARE READING
S.C.I Special Crime Investigation Journal Of Mystery Myanmar translation
General Fictionထူးခြားတဲ့ ကွင်းဆက်လူသတ်မှုတွေကို မှုခင်းပညာနဲ့ စိတ်ပညာပေါင်းပြီး ဖြေရှင်းကြတဲ့ S C I အဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ယောက်ရဲ့ တရုတ်ဝတ္ထုကို eng ကနေ မြန်မာပြန်လေးပါ