Murderer: Non- Human 12- Sets

4.2K 690 24
                                    

Zawgyi

Bai Yutang နှင့် Zhan Zhao မှာ မနက်စောစော S.C.I. မှ ဖုန်းခေါ်၍ ရောက်လာကြသည်။ Feng Jie က စောင်တစ်ထည် ပတ်ခြုံ၍ ဆိုဖာပေါ်မှီကာ လက်ဖက်ရည် ပူပူကို မှုတ်သောက်နေသည်။ Ma Han က အခန်းထရှိဲဆိုဖာပေါ် မျက်နှာအပ်ကာ အိပ်ပျော်နေပြီး ဘေးတွင်တော့ စောင်ဖြူဖြူကြီးများ ပတ်ထားသည့် Zhao Hu က နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ အိပ်နေရင်းမှ Zhao Hu ကMa Han ကို လွတ်ထွက်သွားမည်စိုးသည့်အလား အင်္ကျီစကို ဆွဲကိုင်ထားသည်။

Gongsunက အလောင်းခွဲခန်းမှ သမ်းဝေ၍ ထွက်လာကာ ညက အဖြစ်အပျက်များကို အကြမ်းဖျင်း ပြောပြလိုက်သည်။ Wang Chao နှင့် Zhang Long တို့က တာဝန်ချိန် ပြီး၍ အိမ်ပြန်သွားကြပြီး Bai Chi လေးက တစ်ယောက်ထဲ အိပ်ရမည်စိုး၍ ညက အိမ်မပြန်ပဲ S.C.I. တွင်သာ အိပ်သည်ဟု ဆို၏။ မကြာခင်မှာပင် အားလုံး အသီးသီး နိုးလာကြသည်။

Bai Yutang နှင့် Zhan Zhao တို့က သူတို့အား ရယ်ပြကာ ကြည့်လာသော Feng Jie ဆီ သွားလိုက်ကြသည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ"
Bai Yutang က Feng Jie ၏ ပခုံးအား ပုတ်လိုက်သည်။
"မင်း အဲဒီအထဲ ရောက်နေတာ ဘယ်လောက်ကြာနေပြီလဲ"

Feng Jie ၏ မျက်နှာက စိတ်ပျက်သည့် အမူအရာ ပြောင်းသွားသည်။
"ကျွန်တော်... ည ညဘက်တာဝန်ပြီးလို့ မနေ့က​နေ့လည် လောက် အိမ်ပြန်ရောက်တယ်...အိမ်တံခါးဖွင့်မလို့ သော့ဖွင့်လိုက်တဲ့အချိန်မှာ ဘာဖြစ်သွားမှန်း မသိတော့ဘူး.."

Feng Jie က သက်ပြင်းချကာ စကားဆက်သည်။
"ပြန်နိုးလာတော့ သေတ္တာတစ်လုံးထဲမှာ မတ်တပ်ရပ်လျက်သား ပြီးတော့ နောက်ပြန်ကြိုးတွေလဲ ချည်ထားသေးတယ် ပါးစပ်မှာလဲ တိပ်ကပ်ထားတော့ ဘာမှအော်လို့လဲ မရဘူး။ "

ထိုအချိန်တွင် Ma Han က သိမ်းငှက်ဘုရင် ရုပ်တု၏ အတွင်းဘက် ဓာတ်ပုံရိုက်ထားသည်ကို ယူလာပြသည်။
"Bai Sir.. ဒီမှာ အတွင်းထဲက ဘာမှမရှိဘူး အောက်ခြေက ကျယ်ပြန့်ပြီး ဒီဇိုင်းပုံစံက အတော်လှတယ် အောက်​ခြေက ခလုတ်က ရွေ့လျားလို့ ရသေးတယ် အထဲက လူအတွက် ခုန်ဖို့တောင် အဆင်ပြေတယ် ဒါပေမဲ့ ခလုတ်တွေက အပြင်ကလူတစ်ယောက် ဖွင့်ပေးမှ ထွက်လို့ရတာ.. ဒါ တည်ဆောက်တဲ့သူက အရမ်းဥာဏ်ကောင်းတာပဲ လူတစ်ယောက် လှုပ်ခါနေရင်တောင် ဒီအရုပ်က လုံးဝလဲကျသွားမှာ မဟုတ်ဘူး"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now