Return of Magic Murderer 10- Meeting again

6.4K 816 57
                                    

Zawgyi

ဆေးရုံတွင်းရှိ ခွဲစိတ်ခန်းမီးလင်းနေခြင်းက ခွဲစိတ်မှုတစ်ခု လုပ်ဆောင်နေသည်မှာ အထင်အရှား၊ Chen Yu အထဲရောက်နေသည်မှာ သုံးနာရီခန့်ရှိနေပြီ၊ ခွဲစိတ်ခန်းတံခါးရှေ့ရပ်ကာ မျက်လုံးတို့က တံခါးကိုသာ ပေါက်ထွက်မတတ်ကြည့်နေပြီး Qi Le မျက်နှာအမူအရာကတော့ အရမ်းတည်နေသည်။ သို့သော် အနီးကပ်သေချာကြည့်လျှင်တော့ သူမကိုယ်လေး တဆတ်ဆတ် တုန်နေပေသည်။ လူသတ်သမားကို ပုန်းနေခဲ့ရ၍ အဝတ်တွေက ရေစိုနေဆဲဖြစ်ရာ သူမကိုယ်လေးတုန်နေရခြင်းမှာ ချမ်း၍ကြောင့်လော ကြောက်၍ တုန်နေခြင်းလားဆိုသည်ကိုတော့ နောက်မှရပ်ကြည့်နေသည့် Zhao Hu မသိနိုင်ပါလေ။

"Qi Le"
မနေနိုင်တော့၍ Zhao Hu လှမ်းခေါ်လိုက်သည်။ လန့်၍ တုန်သွားပြီးမှ ခေါင်းလေးစောင်းကာ လှည့်ကြည့်တော့ သူမကို စိုးရိမ်စွာကြည့်နေသော Zhao Hu ကို မျက်ရည်များပြည့်နေသည့် မျက်လုံးများမှ ဝေဝေဝါးဝါးတွေ့ရသည်။ ကုတ်အင်္ကျီကို ချွတ်ကာ လှမ်းပေးလိုက်သော Zhao Hu
"ဒါနဲ့ သွားလဲလိုက်"

အင်္ကျီကို ယူပြီးနောက် Qi Le တစ်ယောက် အသက်မဲ့နေသော မျက်နှာနှင့် တစ်လှမ်းချင်း အိမ်သာထဲဝင်သွားသည်။ အင်္ကျီလဲပြီးတော့လဲ အရင်နေရာလေးတွင် မတ်တပ်ရပ်ကာ ကြည့်နေဆဲ။

Qi Le ကိုတော့ Zhao Hu ရင်းနှီးနေသည်ဟု ခံစားမိသည်။ အရင်တစ်ခါအမှုတုန်းက သူမကို စောင့်ကြည့်သော တာဝန်ယူခဲ့ရ၍လားမသိ၊ ယခု သူမမျက်နှာလေးက အဆင်ပြေနေပုံ မပေါ်မှန်း သူကောင်းကောင်းသိသည်။ သူ့ခေါင်းသူ ကိုင်ကာ Zhao Hu စဉ်းစားနေသည်။ သူ့ကို ဘယ်လို နှစ်သိမ့်ပေးရမလဲ. စဉ်းစားစမ်း

"ဟို....."
စကားပြောရန် အားမွေးလိုက်သည်။
"အရမ်းကြီး စိတ်မပူပါနဲ့.. Chen Yu အဆင်ပြေသွားမှာပါ "
Qi Le အတွက်တော့ ထိုစကားက နားထဲမရောက်ပေ။

သက်ပြင်းချကာ မိမိ၏ တုံးအမှုအတွက် Zhao Hu ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲလိုက်သည်။ နှစ်သိမ့်တာတောင် စကားလှလှမရွေးတတ်ဘူးလား

"Xiao Yu သာသေရင် ကျွန်မမှာ ချစ်ရတဲ့သူတစ်ယောက်မှ မရှိတော့ဘူး"
ရုတ်တရက် စကားပြောလာသော Qi Le
Zhao Hu က သက်ပြင်းဖွဖွချသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Tempat cerita menjadi hidup. Temukan sekarang