Murder 06- Prison

8.4K 1.1K 10
                                    

Zawgyi

အကျဉ်းထောင်ဆိုသည်မှာ ကျသည်ဖြစ်စေ အလည်လာသည်ဖြစ်စေ ကောင်းသောနေရာ တစ်ခု မဟုတ်ပေ။

Bai Yutang နှင့် Zhan Zhao တို့က သံတိုင်နှစ်ထပ်ကာထားသော အခန်းထဲက Wu Hao ဆီသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။

Wu Hao ၏ပုံစံက အထီးကျန်နေတဲ့ တက္ကစီမောင်းသမား ပုံစံမပေါက်သလို စိတ်ကျန်းမာရေးချို့တဲ့သူဟန်လဲ လုံးဝရှိမနေ။ အနီးကြည့် မျက်မှန်တပ်ထားပြီး တည်ငြိမ်နေပုံရသည်။ အကယ်၍သူသာ အထူးလက်ထိပ် ခတ်မထားပါလျှင် ဆရာတစ်ယောက် ဒါမှမဟုတ် စာတော်သော ကျောင်းသားတစ်ယောက်ဟု ထင်မိစရာပေ။

သူက သီးသန့်ခန်းထဲကို လမ်းလျှောက်လာပြီး ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ပြီးမှ စားပွဲ့ရှေ့က ထိုင်ခုံမှာ ထိုင်လေသည်။ ပြီးတာနဲ့ Zhan Zhao နှင့် Bai Yutang ကို မော့ကြည့်သည်။

Bai Yutang ကို အရင်ငေးကြည့်နေပြီးမှ တဖြည်းဖြည်း ပါးစပ်ဟလိုက်ပြီး နှေးနှေးလေးပြောလိုက်သည်။
" မင်းက သိပ်တော်တဲ့ ရဲပဲ"

Bai Yutang ကတော့ သူ့ကိုပြန်ကြည့်နေရင်း ခေါင်းညိတ်လိုက်သည်။
ခင်ဗျားကတော့ သိပ်တော်တဲ့ ကားသမားမဟုတ်ဘူး "

Wu Hao က တိုးတိုးလေး ကျိတ်ရယ်လိုက်ပြီး Zhan Zhao ဘက်ကို လှည့်ကြည့်သည်။ သူ့မျက်လုံးတွေက Zhan Zhao ဆီမှာ အတန်ကြာရှိနေပြီးမှ ခေါင်းကို ခါယမ်းရင်း စကားစသည်။
" ပြီးပြည့်စုံတဲ့ အနုပညာ။ မင်းက ငါမြင်ဖူးသမျှ သက်ရှိထဲမှာ အပြည့်စုံဆုံးပဲ။"

သူက Zhan Zhao ကို စိုက်ကြည့်နေသော အချိန် Zhan Zhao ကလဲ သူ့ကို စစ်ဆေးသလို ကြည့်နေသည်။

Wu Hao စကားဆုံးတော့ Zhan Zhao က ပြုံးပြလိုက်သည်။
" ခင်ဗျား ချီးကျူးတာကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ တကယ်လို့ ကျွန်တော်ကို လူကြီးတစ်ယောက်လို ဆက်ဆံပေးရင် ကျွန်တော် ပိုပြီးဝမ်းသာမှာပါ"

Wu Hao က ခါးရှေ့ကိုင်းလိုက်ပြီး Zhan Zhao ရဲ့မျက်လုံးတွေကို သေသေချာချာ စိုက်ကြည့်နေသည်။
" သိပ်ကို အပြစ်ကင်းစင်တဲ့ သလင်းကျောက်နှစ်လုံးပဲ အရောင်က ပယင်း..."

"ခင်ဗျား"
ဘေးနားမှာ ထိုင်နေတဲ့ Bai Yutang က Wu Hao ရဲ့မျက်လုံးရှေ့မှာ လက်ဆစ်ချိုးလိုက်ရင်း အမိန့်ပေးလိုက်သည်။
"ပြန်ထိုင်နေ"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now