Return of Magic Murderer 11- Gambling

5.4K 792 30
                                    

Zawgyi

"မင်း ဘယ်သူ့ကို တွေ့လိုက်တာ"
သူ့နားသူ မယုံစွာနှင့် Zhan Zhao ကို Bai Yutang တစ်ခေါက် ထပ်မေးသည်။

"Zhao Jue"
Zhan Zhao က အတည်ကြီး ပြောနေသည်။

"ကြောင်လေး...."
Zhan Zhao ကို Bai Yutang ငုံ့မိုး၍ ကြည့်လိုက်သည်။
"Zhao Jue က သေပြီလေ"

"ငါတို့ သူ့အလောင်းရှာမတွေ့ခဲ့ဘူးလေ မဟုတ်ဘူးလား"
Zhan Zhao က ပြန်ငြင်းသည်။

"မင်း တကယ်တွေ့တာ သေချာလား"
"အင်း"
Zhan Zhao ၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရသော  Bai Yutangက အနီးတစ်ဝိုက်ကို ပတ်ကြည့်ကာ ဖုန်းထုတ်၍ Ma Han ဆီ ခေါ်လိုက်သည်။

"Bai Sir"
"Ma Han မင်း အခု လောင်းကစားရုံထဲမှာလား"
Ma Han ဖုန်းကိုင်ကိုင်ချင်း Bai Yutang အလောတကြီး မေးလိုက်သည်။
"ဟုတ်ကဲ့"
"အဲဒါဆို အခုချက်ချင်း လုံခြုံရေးစောင့်ကြည့်ကင်မရာတွေ ထားတဲ့နေရာကိုသွားပြီး ခန်းမတစ်ခုလုံးရဲ့ CCTV အကုန်ပြန်ရစ်ကြည့်။ လွန်ခဲ့တဲ့ ဆယ်မိနစ်အတွင်းက အထဲက လူတစ်ယောက်ကို ရှာပေး။ "

"ဟုတ်၊ ဒါနဲ့ ဘယ်သူ့ကို ရှာပေးရမှာလဲ"
Ma Han က စောင့်ကြည့်ခန်းထဲသို့ လျှောက်လာသည်။ သို့သော် Bai Yutang ၏ အဖြေကြောင့် ခဏကြောင်သွားသည်။
"Zhao Jue"
ခဏအကြာမှ Ma Han ပြန်ဖြေသည်။
"အိုခေ"

ဖုန်းချပြီးသည်နှင့် Bai Yutang တစ်ယောက် Zhan Zhao ကို ကြည့်လိုက်သည်။
"Zhao Jue ဟုတ်မဟုတ်ကိုတော့ CCTV ကြည့်ပြီးရင် အဖြေပေါ်မှာပဲ.. အခုတော့.."
"ငါ သဘောပေါက်တယ်"
Zhan Zhao ခေါင်းညိတ်လိုက်သည်။

"ငါတို့ အခု Shen Qian ကို အာရုံစိုက်ထားရမယ်"
နှစ်ယောက်သား ဓာတ်လှေကားထဲဝင်တော့ Bai Yutang ကောက်ကာငင်ကာ မေးလိုက်သည်။
"ကြောင်လေး၊ တကယ်လို့ Zhao Jue မသေဘူးဆိုရင် မင်း ပျော်မှာလား၊ မပျော်ဘူးလား"

"ဘာလို့ မေးတာလဲ"
Bai Yutang ကို Zhan Zhao မော့ကြည့်သည်။

"ခုနတုန်းက မင်း အရမ်းအံ့သြသွားပုံရတယ်၊ ပြီးတော့ တုန်လှုပ်နေတယ်၊ အခုကျတော့ တည်ငြိမ်သွားပြီ၊ ပြီးတော့ စိတ်လှုပ်ရှားနေပုံလဲရတယ်...."
Bai Yutang ထိုသို့ ကောက်ချက်ချတော့ Zhan Zhao က ရယ်သည်။
"မင်း ဘာကို ပြောချင်နေတာလဲ"
"မင်း Zhao Jue မသေဘူးဆိုလို့ ပျော်နေတာ.."
Bai Yutang က အလျင်အမြန် အဆုံးသတ်သည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now