Zawgyi
Zhan Zhao နှင့် Bai Yutang တို့ လေဆိပ်ကို အသော့နှင်ပေမဲ့ သူတို့ရောက်တော့ မနက်တစ်နာရီ ရှိနေပြီ။ ဧည့်ကြိုများအား စောင့်သော နေရာကြီးမှာတော့ ဘယ်သူမှ မရှိ၊ သူတို့နှစ်ယောက် အထပ်ထပ်အခါခါ လှည့်ပတ်ရှာပေမဲ့ Bai Jintang ရဲ့ အရိပ်ကိုတောင် မမြင်ရ။
"လူတွေရော ဘယ်ရောက်ကုန်ကြတာလဲ "
Bai Yutang က လှည့်ပတ်ကြည့်နေသည်။"မင်းအစ်ကိုက သူ့ဘာသာသူ ပြန်သွားတာလား"
Zhan Zhao က မေးသည်။"မဖြစ်နိုင်ဘူးကွ၊ ငါလာတဲ့အချိန်အထိတော့ စောင့်နေကြပဲ"
"မင်း ၁၂နာရီလောက်ကြာအောင် နောက်ကျဖူးလား"
"အဲလောက်တော့...."
Bai Yutang က ခေါင်းကိုသာ တွင်တွင်ကုတ်နေသည်။"အများဆုံး ၈နာရီကြာအောင်တော့ စောင့်ဖူးတယ်ကွ၊ "
"သူ ဘယ်တွေသွားတတ်လဲ"
Zhan Zhaoက လက်ထဲမှ နာရီကို ကြည့်လိုက်သည်။
"ငါသိရသလောက်တော့ သူက ဒီမှာ အိမ်မဝယ်ထားဘူး မလား"Bai Yutang က ပခုံးတွန့်ပြလိုက်သည်။
"သူက တစ်နှစ်လုံးနေမှ တစ်ခေါက် နှစ်ခေါက်ပဲ ပြန်လာတ၊ ငါ့ အဆောင်မှာပဲ လာနေနေကြ""မင်းကိုများ လာတွေ့မလား မသိဘူး"
"ပိုတောင်ဆိုးသေးတယ်၊ သူက လမ်းတွေ သိပ်မကျွမ်းဘူးကွ"
"ဖုန်းဆက်လိုက်ပါလား "
"သူက ဖုန်းမကိုင်ဘူးကွ၊ ဟိုတစ်ယောက်ရဲ့ လက်ကိုပဲ ကိုင်တာ"
"ဟိုတစ်ယောက်? ငါ သူ့ကို ဘယ်သူနဲ့မှ အတူတူ မမြင်ဖူးပါဘူး"
Zhan Zhao က မေးသည်။"သူက ဒီတစ်ခေါက် တရုတ်ကို ပြန်လာတုန်းက သူ့လူကို မခေါ်လာခဲ့ဘူး"
Zhan Zhao လဲ ဘာမှ မတတ်နိုင်တော့။
"ရဲတိုင်ရအောင်""ငါတို့က... ရဲတွေလို့ ထင်တာပဲ"
Bai Yutang က တိုးတိုးလေး ရေရွတ်သည်။သူတို့နှစ်ယောက် ခေါင်းငိုက်စိုက်ကြသွားကြသည်။ ထိုအချိန်မှာပဲ Bai Yutang ရဲ့ ဖုန်း ringtone သံလေး ထွက်လာသည်။ SMS တစ်စောင်။
သူက ဖုန်းကို အိတ်ထဲမှ ထုတ်လိုက်ကာ ဖတ်လိုက်ပြီး Zhan Zhao ကို လှမ်းပြသည်။ ပို့တဲ့သူက Wang Chao။ ရေးထားတာက တစ်လုံးထဲ
"သေပြီ.." ။
YOU ARE READING
S.C.I Special Crime Investigation Journal Of Mystery Myanmar translation
General Fictionထူးခြားတဲ့ ကွင်းဆက်လူသတ်မှုတွေကို မှုခင်းပညာနဲ့ စိတ်ပညာပေါင်းပြီး ဖြေရှင်းကြတဲ့ S C I အဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ယောက်ရဲ့ တရုတ်ဝတ္ထုကို eng ကနေ မြန်မာပြန်လေးပါ