Return of Magic Murderer 13- The Magic

5.5K 811 80
                                    

Zawgyi

Zhao Jue ရဲ့အလုပ်ခန်းရှိတဲ့ ထိုလမ်းကြားလေးထဲမှ ပြန်ထွက်တော့ Bai Yutang က ထိုအလုပ်ခန်းထဲမှ ထွက်လာသမျှ လူတွေကို စောင့်ကြည့်ဖို့ Ma Han ကို တိတ်တိတ်လေးမှာခဲ့သည်။ ထို့နောက်တွင်တော့ Ma Han က စိတ်ရှုပ်ထွေးနေသော Chen Jiayi ကို လောင်းကစားရုံသို့ ပြန်ပို့ပေးလိုက်သည်။ Bai Yutang နှင့် Zhan Zhao တို့ကတော့ S.C.I. ကို ပြန်သွားသည်။

သူတို့နှစ်ယောက် တစ်လမ်းလုံး စကားမပြောဖြစ်ကြပေ။ Zhan Zhao က ကားမှန်ပြတင်းမှ အပြင်မှ ရှုခင်းများကို ငေးကြည့်နေပြီး လိုက်ပါလာသည်။ စည်ကားနေသော မြို့လေးအနီးသို့ ရောက်လာသောအခါ Bai Yutang က ကား၏ ဦးတည်ချက်ကို ပြောင်း၍ တောင်တက်လမ်းသို့ ရွေးလိုက်သည်။

"မင်း ဘယ်သွားမလို့လဲ"
ရဲဌာနကို ပြန်သည့်လမ်းမဟုတ်သောကြောင့် Zhan Zhao က မေးလိုက်သည်။

"နယ်မြေ ကျွမ်းကျင်အောင် လေ့ကျင့်တာလေ"
Bai Yutang က ခပ်ရွှင်ရွှင်လေး ပြန်ဖြေသည်။ Zhan Zhao က ပိုလို့ပင် နားမလည်နိုင်အောင် ဖြစ်သွားသည်ကို တွေ့၍ Bai Yutang ထပ်၍ ရှင်းလိုက်သည်။
"Spa အပန်းဖြေအိမ်ရာကို သွားနေတာ ခရစ်စမတ် နီးနေပြီလေ"

ပထမတော့ Zhan Zhao ဘာမှ ပြန်မပြောဖြစ်။ နောက်တော့မှ 'ခရစ်စမတ်'ဆိုသည့်စကားကြောင့် မျက်နှာလေး ချက်ချင်းရဲတက်လာသည်။ ထို့နောက် အံကြိတ်ကာ ပြောလေသည်။
"ကြွက်ဖြူ စုတ်၊ အခုအချိန်မှာ ပေါ့ပျက်ပျက်နဲ့ နောက်နေနိုင်သေးတာလား"

"ဘယ်သူကရော နောက်နေလို့လဲ"
Bai Yutang မျက်ခုံးများ ပင့်လိုက်သည်။
"ငါ တစ်ရက်ချင်းစီ ရေထားတာ.. ဘယ်လောက်မှ မလိုတော့ဘူး"

"အမှုက မပြီးသေးဘူးလေကွာ ၊ အခုအချိန် တခြားအကြောင်း မစဉ်းစားသင့်ဘူး"

"အဲဒါကြောင့်မို့ ငါတို့ဒီအမှုကို သေသေချာချာ နဲ့ မြန်မြန်လေး ဖော်ထုတ်ရမှာပေါ့ ခရစ်စမတ်မတိုင်ခင်တော့ တရားခံပေါ်မှ ဖြစ်မယ်"
Bai Yutang က မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
"ငါတို့ အတွက်ပေါ့... ကံကောင်းမှာပါ"

Zhan Zhao က မဲ့ပြုံးပြုံးသည်။
"Xiao Bai မင်းမှာ အမှုအတွက် အကြံဥာဏ်ကောင်းလေးများ မရှိဘူးလား"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now