Training Camp Murderer 14- Son of God

6.2K 889 36
                                    

Zawgyi

Warning ++++++++++++
ဒီအပိုင်းက ဘာplus လဲ မသိပေမဲ့ plus ပါနော်
အရင် အပိုင်းမှာ warning ပေးရမှာ မေ့သွားလို့ပါ
.............

Zhan Zhao က S.C.I. ကို ပြန်ရောက်ရောက်ချင်း သူ့ရုံးခန်းထဲဝင်ကာ စက္ကူဖာတွေထဲ မွှေနှောက်ရှာလေတော့သည်။ နောက်မှ ပြေးလိုက်လာတဲ့ Bai Yutang နဲ့ Bai Chi က အလောတကြီးဖြစ်နေသော Zhan Zhao ကို နားမလည်နိုင်ပဲ ငေးကြည့်နေလေသည်။

"ကြောင်လေး၊ မင်းဘာတွေရှာနေတာလဲ"
"Xiao Baiငါ အရင်တုန်းက အင်္ဂလိပ်သတင်းစာ အထပ်လိုက်ကြီး ဝယ်တာ မှတ်မိသေးလား"
Zhan Zhao က မေးလိုက်သည်။

Bai Yutang က ခဏတာ စဉ်းစားလိုက်သည်။
"မင်း scale တွေအကြောင်းပြောတုန်းက ဝယ်ထားတဲ့ သတင်းစာတွေလား"

"ဟုတ်တယ်၊ ငါ ဒီနားမှာ ထားထားတာပဲကို"
Zhan Zhao က ပို၍ပင် စိတ်လှုပ်ရှားလာလေသည်။
"ငါ လွှင့်များပစ်လိုက်သေးလားမသိဘူး"

"မဟုတ်ဘူး၊ မင်း ဖိုင်တွေထားတဲ့ ဒုတိယအံဆွဲရဲ့ ညာဘက်နားလေးမှာ"
Bai Yutang က အတိအကျ ပြောလိုက်သည်။

"တကယ်လား"
Zhan Zhao က မယုံတစ်ဝက် ယုံတစ်ဝက်နှင့်။

"အတိအကျပဲ"
Bai Yutang က Zhan Zhao ဘေးနားကို လျှောက်သွားပြီး တံခါးဖွင့်ရန်ပြင်နေတဲ့ Zhan Zhao နားမှာ ရပ်လိုက်သည်။
"ခဏလေး၊ ငါလုပ်မယ်၊ ဒီနေရာက အန္တရာယ်များတယ်"
Bai Yutang က ပြောရင်းနှင့်ပင် Zhan Zhao ကို ဘေးနားရွှေ့လိုက်ကာ တံခါးကို ခပ်ကြမ်းကြမ်းဖွင့်လိုက်လေသည်။ အဝါရောင် သတင်းစာအဟောင်းများက ဒီရေတက်သလို ဝုန်းခနဲ ကျလာလေသည်။

"ဟာ ဒါတွေက ဘာလို့ဒီမှာရှိနေရတာလဲ"
Zhan Zhao က သတင်းစာတွေကို ကြည့်ပြီး လန့်သွားသည်။ Bai Yutang ကတော့ ပခုံးသာ တွန့်ပြသည်။
"မင်း တခြားကိစ္စတွေနဲ့ ရှုပ်နေပြီး ဒါကို မေ့နေတာလေ၊ ဒီနေ့လို အသဲအသန်ပြန်ရှာမယ်မှန်း ငါသိလို့ သိမ်းထားပေးတာ"

"ငါ့ကို ကူရှာပေး"
Zhan Zhao က အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး တောင်လိုပုံနေတဲ့ သတင်းစာတွေကို စရှာနေလေသည်။
"ဘုရားသခင်ရဲ့သားတော် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးကို ကူရှာပေး၊ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က ထင်တယ်"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now