Murder: Non- Human 15- Opportunity

4.2K 691 30
                                    

Zawgyi
"Bai Chi...."
တံခါးဝသို့ ပြေးထွက်သွားသော Bai Chi အား Zhan Zhao က နောက်မှ အ​ပြေးလိုက်ကာ လှမ်းဆွဲသည်။
" ခဏလေး နေပါဦး"

Bai Chi ကတော့ မျက်နှာတစ်ခုလုံး ရဲတွတ်ကာ ပူလောင်နေပြီး ဒေါသတို့အပြည့်ရှိနေသည်။ ရှက်ရွံ့စိတ်ဖြင့် ဆက်ထွက်သွားရန် ကြံစည်သော်လဲ လေးစားရသော  အစ်ကို Zhan Zhao ကြောင့် ခေတ္တမျှ ရပ်တန့်သွားသည်။

ထို့အပြင် Zhan Zhao သူ့ကို လှမ်းဆွဲသော လက်မှာ ဒဏ်ရာရှိနေသည် မဟုတ်ပါလား.. နောက်လှည့်ရင်း Zhan Zhao လက်ကို ကြည့်ကာ Bai Chi လေးက မေးလိုက်သည်။
"နာနေသေးလား ဟင်"

သက်ပြင်းတစ်ချက်ချကာ Zhan Zhao က လက်ဆန့်လိုက်ပြီး Bai Chi လေး၏ ဆံပင်ကို ဖွပေးနေသည်။
"ထွက်မသွားပါနဲ့နော် အစ်ကိုတို့ မကောင်းဘူးဆိုတာ ဟုတ်တယ် ဒါပေမဲ့ Bai Chi လေးက စိတ်မဆိုးနဲ့လေနော်.."

Bai Chi က ခေါင်းငုံ့ထား၍ စကားလုံးဝ ပြန်မပြောပေ။ မြေကြီးပေါ်က ခဲလုံးကို ခြေဖြင့် တို့ထိ ကစားနေရင်း အံသာကြိတ်ထားသည်။

Zhan Zhao က Bai Chi အား ပန်းခြုံထဲသို့ ဆွဲသွင်းကာ ပြောလိုက်သည်။
"ငါတို့ မင်းကို တမင်ရည်ရွယ်ပြီး စတာ မဟုတ်ပါဘူး ၊ ဒီအတိုင်း ဖြစ်သွားတာ"

သူသိတာပေါ့... Bai Chi က အရူးမှ မဟုတ်ပဲလေ၊ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် အပြစ်တင်ချင်ပါရင် Zhao Wei အိမ်ကို လာခဲ့တဲ့ သူ့ကိုယ်သူသာ...၊ သူသာလျှင် ကိုယ့်ဒုက္ခ ကိုယ် ရှာခဲ့ခြင်း၊ ဘာလို့များ သူ့အိမ်ကို တကူးတကလာပြီး ကျောက်ဖရုံသီးဟင်း ချက်ကျွေးချင်ရတာလဲ... Bai Chi.. ကံမကောင်းတဲ့ကောင်...

Bai Chi တစ်ယောက် ငြိမ်ကျသွားသည်ကို သိတော့ Zhan Zhao က ထပ်ပြောလိုက်သည်။
"Zhao Wei ကလဲ မကောင်းတဲ့ စိတ်နဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး..."

Bai Chi ၏ မျက်နှာလေး ရဲတက်လာပြီး နှလုံးသားက လှုပ်ခါနေသည်။ မကောင်းတဲ့ စိတ် မရှိခဲ့ဘူးတဲ့လား.. သူက ကျွန်တော့်ကို စနောက်ဖို့ မွေးလာတဲ့ လူဆိုးကြီးဗျ

Bai Chi ၏ ပြောင်းလဲသွားသော မျက်လုံးအရောင်ကို အကဲခတ်ရင်း Zhan Zhao တစ်ယောက် တွေးမိသည်။ Bai Chi နှင့် Zhao Wei ကြားက ပြဿနာ ပြေလည်ပုံ မရသေးသော်လဲ သည်ကလေးက ဖြည်းဖြည်းချင်း ခွင့်လွှတ်ပေးမည့်ပုံ ပေါ်နေသည်။ ပြီးတော့ Zhan Zhao က အမြဲ Bai Chi လေး ဘက်မှပင်။ Zhao Wei ဆိုသည်က ထူးဆန်းပြီး Zhao Jue နှင့်လဲ သူတို့က ပြေလည်သည့် ဆက်ဆံရေးမျိုးမဟုတ်ပေ။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now