Murder 20- Third person

7.2K 1K 56
                                    

Zawgyi

နှစ်ယောက်လုံး လန့်သွားကြ၏။ Zhan Zhao က အလန့်တကြား မျက်လုံးဖွင့်ကြည့်သည်။

သူတို့နှစ်ယောက်လုံးက ငယ်ငယ်ကတည်းက အခုထိ တစ်ယောက်ဘေးမှာ တစ်ယောက်က စနောက်ရင်း ကြီးလာကြတာ ဖြစ်သည်။ Zhan Zhao ဆိုလျှင် သူ့ကို တခြားသူက လက်နှင့်ထိတာတောင် မကြိုက်။ သို့သော် Bai Yutang ကိုတော့ ခြွင်းချက်ပင်။ Bai Yutang ပွတ်သီးပွတ်သပ်လုပ်လျှင် ဘယ်လိုမှ မခံစားရ။ ဘယ်လိုပြောရမလဲ ဆိုတော့ သူစနေတာကို အသားကျနေတာလို့ပြောရင် မှန်လိမ့်မည်။

ဒါပေမဲ့ ဒီတစ်ခါက စတာမဟုတ်။ Bai Yutang ဘက်က  လုံးဝအတည်မှန်း သူသိသည်။ ထို့ကြောင့်လဲ တုန်လှုပ်သွားခြင်းပင် ။ သို့သော် သူ့ရှေ့က လူက သူ့ကို လုံးဝလွှတ်မပေး။

Bai Yutang ကလဲ သူ့လုပ်ရပ်အပေါ် အံ့သြနေ၏။ Zhan Zhao ပြန်ပေးဆွဲခံရတော့မယ်လို့ သိလိုက်တဲ့အချိန်ခဏလေးမှာ ခါတိုင်းအေးဆေးပြီး ထက်မြက်တဲ့ သူ့ဦးနှောက်က ရုတ်တရက် အလုပ်မလုပ်တော့။ Zhan Zhao ဘေးကင်းသွားပြီ ဟုသိလိုက်ရချိန်မှာတော့ တစ်ကိုယ်လုံး ဒေါသတွေနဲ့ ပြည့်လာသည်။

ဦးနှောက်က ဘာမှမတွေးနိုင်ခင် သူ့ကိုယ်က လှုပ်ရှားသည်ကို သူလဲ မထိန်းနိုင်တော့။ တကယ်တော့ Bai Yutang က Zhan Zhao နဲ့ နီးနီးလေးမှာပဲ ရှိချင်သည်ကိုတော့ သူကိုယ်တိုင် သတိထားမိတာ ကြာနေပြီ။ သူနဲ့ နီးနီးကပ်ကပ်လေး နေရရင် စိတ်ချမ်းသာသည်။ တစ်ခါ တစ်ခါ သူ့ကိုယ်သူ ရူးနေပြီလားဟု ထင်မိသည်။ ထိုထိုသော အတွေးတွေနှင့် သူရှင်သန်ခဲ့သည်မှာ ကြာလေပြီ။

သဘာဝကို လွန်ဆန်နေသည်ဟု သတ်မှတ်ထားကြသော ထို ဆက်ဆံရေးမျိုးဟု အပြောမခံနိုင်သောကြောင့် ထိုခံစားချက်များ အတွေးများကို တမင်မြိုသိပ်ထားခဲ့ရ၏။ သို့သော် ဒီတစ်ခေါက် သူ့ဘက်က သေချာသွားပြီ။ သူနဲ့သာ အတူရှိမယ်ဆိုရင် ဘယ်သူဘာပြောပြော သူဂရုမစိုက်ဟု အရမ်းခိုင်ခိုင်မာမာ တွေးလိုက်သည်။

အဝေးမှ ခြေသံပြင်းပြင်း သူတို့နားကပ်လာတာကို ကြားလိုက်တော့ Zhan Zhao က Bai Yutang ကို အားနှင့်တွန်းလိုက်သည်။

နောက်လှည့်ကြည့်တော့ Zhan Zhao က နံရံကို မှီရပ်နေရင်း သူ့ကိုယ်သူ မယုံနိုင်သလို မျက်လုံးလေးဝိုင်းပြီး ကြည့်နေသည်ကို Bai Yutang က တွေ့လိုက်သည်။ Zhan Zhao မျက်နှာလေးကတော့ ရဲနေသည်။ Bai Yutang က "ချစ်ဖို့ကောင်းလိုက်တာ " ဟုတွေးနေသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now