Murderer 27- Accident

7.1K 1K 33
                                    

Zawgyi

ဆွေးနွေးခြင်းကိစ္စပြီးတော့ Zhan Zhao နဲ့ Bai Yutang တို့ သုတေသနစင်တာမှ ထွက်လာခဲ့ကြသည်။
"ကြောင်လေး၊ ကိုကို့ကို သွားရှာရအောင်"
Bai Yutang က စင်တာအထွက်တံခါးကို ဖွင့်ပေးရင်း ပြောလိုက်သည်။

"မင်းအစ်ကို အခုဘယ်မှာလဲဆိုတာ သိလား"
Zhan Zhao က ပြန်မေးသည်။
"အင်း... ဒါကတော့.."
Bai Yutang က ခေါင်းယမ်းသည်။
"သူဘယ်မှာလဲဆိုတာ အတိအကျတော့ မသိဘူးကွ.. ဒါပေမဲ့ တွေးကြည့်ရင်တော့..."

"ဟုတ်ပြီ"
Zhan Zhao က ရုတ်တရက် နောက်လှည့်ကြည့်ပြီး ပြောလိုက်သည်။"ငါလဲ အဲဒီမှာပဲ ထင်တယ်"

ပြီးတော့ ပြိုင်တူပင်
"Gongsun ရဲ့ အိမ်"

နှစ်ယောက် Gongsun ရဲ့ တိုက်ခန်းရှိရာ ရပ်ကွက်ထဲ မောင်းလာကြသည်။ လမ်းတစ်လျှောက်လုံး Bai Yutang က ကားမောင်းရင်း တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးနေဟန်ရှိပေမဲ့ စကားတော့ တစ်ခွန်းမှ မဟ။

Zhan Zhao က စကားပြောဖို့ အကြိမ်ကြိမ်ကြိုးစားကြည့်ပေမဲ့ Bai Yutang ရဲ့ မှုန်တေတေမျက်နှာထားကြောင့် ပြောချင်သမျှတို့ကို ပြန်မြိုသိပ်ထားရသည်။

Gongsun ရဲ့ တိုက်ခန်းကိုရောက်တော့ ဓာတ်လှေကားက ထွက်ထွက်ချင်း အသံအကျယ်ကြီး တစ်ခုကို ကြားလိုက်ရသည်။ နှစ်ယောက်လုံးလန့်သွားပြီး ဓာတ်လှေကားထဲမှ အပြေးအလွှားထွက်ခဲ့ကြတော့ တွေ့ရသည်က....

Zhaolan နဲ့ Zhaohui တို့အမြွှာနှစ်ကောင်က အပြင်ကနေ တံခါးအတွင်းထဲချောင်းကြည့်လျက်၊ တံခါးကတော့ အကျယ်ကြီးပွင့်နေပြီး အထဲမှာတော့ အိုးတွေ ခွက်တွေက လေပေါ်ပျံလိုက် အောက်ပြုတ်ကျလိုက်နှင့်။

"မင်းတို့နှစ်ကောင် ဘာလုပ်နေကြတာလဲ"
Bai Yutang က ရှေ့ကိုသွားရင်း Zhan Zhao ကို သူ့နောက်မှာကွယ်ကာ အမြွှာတွေကို မေးလိုက်သည်။

"အစ်ကိုကြီးကို ချောင်းနေ...အဲ..တံခါးစောင့်နေတာပါ"
"..."
Bai Yutang နဲ့ Zhan Zhao က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး မေးလိုက်သည်။
"ငါ့အစ်ကို အထဲမှာ ဘာလုပ်နေတာလဲ"

Zhaolan နဲ့ Zhaohui တို့က ရယ်လိုက်ကြပြီး
"Gongsun ရဲ့ ဘယ်လက်က အဆင်မပြေလို့ အစ်ကိုကြီးက ရေကူချိုးပေးနေတာ"
......... ! .......

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Onde as histórias ganham vida. Descobre agora