Zawgyi
အစည်းအဝေးခန်းထဲတွင် လူစုံနေ၏။ Bai Yutang က Gongsun အား အမှုအကြောင်းပြောရန် အချက်ပြလိုက်၏။
" အားလုံးပဲ အရင်လကဖြစ်သွားတဲ့ အမှုတွေထဲမှာ တက္ကစီသမားတစ်ယောက်တိုက်မိလို့ လူတော်တော်များများသေ သွားတဲ့ အမှုကို မှတ်မိကြဦးမယ် ထင်ပါတယ်"
"လူငါးယောက်သေပြီး သုံးလောက်ဒဏ်ရာရသွားတဲ့ အမှု မဟုတ်လား"
Zhang Long က ထပြောသည်။
" တရားခံက ဖမ်းမိပြီးသားလေ။ ""စိတ်သိပ်မနှံ့တဲ့ အသက်ငါးဆယ်အရွယ် လူကြီးမဟုတ်လား"
Wang Chao က ထပ်ဖြည့်ပြောလိုက်သည်။"ဟုတ်ပါတယ်"
Gongsun က ခေါင်းညိတ်၏။
" ဒီအမှုက ယာဉ်ထိန်းရဲအမှုလိုက်ဌာနကပဲ အပြီးသတ်လိုက်တဲ့ အမှုလို့ သိထားကြမှာပါ""ဟုတ်တယ်"
Bai Yutang က ခေါင်းညိတ်သည်။
" ဒီအမှုက ဘာပြဿနာရှိလို့လား"" ဒီမှာကြည့် ဒီဓာတ်ပုံတွေ... "
Gongsun က အိတ်ထဲမှ ဓာတ်ပုံတစ်ချို့ကို ထုတ်၍ အားလုံးရှေ့မှာ မြင်သာအောင် တင်လိုက်သည်။
"ဒါတွေ အားလုံးက သေသွားတဲ့ နစ်နာသူငါးယောက်ရဲ့ အလောင်းတွေပါ"အကုန်လုံးက သူတို့ရှေ့က ပုံတွေကို ကောက်ယူကြည့်လိုက်ကြတော့ သေဆုံးသူတွေရဲ့နားရွက်ကို ရိုက်ထားသည်ကို တွေ့လိုက်ရသည်။ နားရွက်များအနောက်တွင်တော့ သေးငယ်သော်လဲ အပြာရောင်မှင်နှင့် ထင်ထင်ရှားရှားရေးထားသော နံပါတ်များ.. ။ အလောင်းတစ်ခုစီတွင် နံပါတ် တစ်ခုစီ ရှိနေသည်... 7,12,19,30,42... ။
Gongsun က နောက်ထပ်ထူးဆန်းသည့် ဓာတ်ပုံ တစ်ထပ်ကို ထုတ်လိုက်သည်။ သူ့ရဲ့ လက်ထဲမှာတော့ တစ်ပုံတစ်ဒါဇင်ခန့်ပါလာ၏။
"ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက သေတဲ့အလောင်းတွေမှာ မိတ်ကပ်ပြင်ပေးတဲ့သူ။
သူအခုတလော အရမ်းထူးဆန်းတာတွေ တွေ့နေရတယ်ဆိုပြီး ကျွန်တော့်ကို ပြောပြတာ။ ကားမတော်တဆမှု ဖြစ်လို့သေတဲ့အလောင်းတိုင်းရဲ့ နားရွက်နောက်မှာ တူညီတဲ့နံပါတ်တွေ ထပ်ခါထပ်ခါတွေ့နေရတာတဲ့။ အရမ်းစေ့စပ်သေချာတဲ့သူမို့ သူက အဲဒါတွေအကုန်လုံးကို ဓာတ်ပုံရိုက်ပြီး ကျွန်တော့်ဆီ ပို့ပေးနေတာ။ နောက်ဆုံးပို့ခဲ့တာက လွန်ခဲ့တဲ့သုံးရက်က"
YOU ARE READING
S.C.I Special Crime Investigation Journal Of Mystery Myanmar translation
General Fictionထူးခြားတဲ့ ကွင်းဆက်လူသတ်မှုတွေကို မှုခင်းပညာနဲ့ စိတ်ပညာပေါင်းပြီး ဖြေရှင်းကြတဲ့ S C I အဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ယောက်ရဲ့ တရုတ်ဝတ္ထုကို eng ကနေ မြန်မာပြန်လေးပါ