Valentine's Day

5.2K 561 54
                                    

Zawgyi

(T/N.. ခင်ဗျားလေးတို့ကို အရင်တောင်းပန်ချင်ပါတယ် မနေ့ညက တင်ပေးဖို့ တကယ်ကြိုးစားခဲ့ပေမဲ့ အလုပ်တွေ ရှုပ်နေတာနဲ့ မတင်လိုက်ရဘူး... တကယ်တော့ ဒီအပိုင်းက ညဘက်ဖတ်မှ ပိုကောင်းတာပါ.. ပြီးတော့ warning ++++ပါနော်.. Chrismas ကမှ တစ်တွဲတည်းရယ်.. အခုက နှစ်တွဲတောင်ဆိုတော့ အားရပါးရ ဖတ်ပါလို့.. Not safe for work ပါနော် အလုပ်ထဲမှာ ဖတ်လို့ တစ်ခုခုဖြစ်ရင် တာဝန်မယူပါ..😁😁 ညမှ ဖတ်ဖို့ တကယ်တောင်းဆိုပါတယ်နော်😁😁အခုက အားနေတဲ့သူတွေ ဖတ်ရအောင်လို့)

S.C.I. မှ စုံတွဲသုံးတွဲနှင့် ချစ်သူများနေ့....
(အထူးသရုပ်ဆောင်... Luban)

လက်ရှိဖြစ်နေတဲ့ အမှုကို ခနလောက်မေ့ထားပြီး Zhan Zhao နဲ့ Bai Yutang တို့ရဲ့ Valentine's date လေးကို သွားရအောင်လား...

ဖေဖော်ဝါရီ ၁၄ရက်...

မနက်အစောကြီးထဲက Bai Yutang မှာ အိပ်ရာနိုးလာပြီး ပြက္ခဒိန်ကို ငေးကြည့်နေမိ၏။ သည်နေ့က ချစ်သူများနေ့ဖြစ်သည့်အပြင် ပိတ်ရက်နှင့်ပါ ဆုံနေသေးသည်။ အိပ်ရာပေါ်လှည့်ကြည့်တော့ စောင်ခြုံကြားထဲ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် Zhan Zhao..။ ခြေ​ထောက်ကတော့ စောင်ကို ဆွဲကန်ထားဆဲ... ဒီကြောင်လေးကတော့...

"ကြောင်လေး..."
Bai Yutang က Zhan Zhao ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ခေါ်လိုက်သည်။
"ကြောင်လေး...."

"ဟင်"
တစ်စုံတစ်ယောက်၏ ခေါ်သံကြောင့် စောင်ကို လှည့်ကာ ခြေကိုကန်၍ စောင်ခေါင်းမြီးခြုံလိုက်သည်။

"ဒီနေ့ နားရက်လေကွာ"

Bai Yutang က Zhan Zhao ၏ နားရွက်ထိပ်ဖျားလေးကို ငုံ့နမ်းကာ စောင်ထဲ တိုးဝင်သည်။
"ဒီနေ့က ချစ်သူများနေ့လေကွာ"

"အင်း..."
Zhan Zhao က ခေါင်းအုံးထဲ မျက်နှာအပ်ကာ မကြားချင်ယောင်ဆောင်သည်။ ရှာမှရှားသော နားရက်လေးမို့ အအိပ်မက်သော ကြောင်လေးက လှုပ်ကို မလှုပ်ချင်ပေ။

"ငါတို့ ဒိတ်ရအောင်"
Bai Yutang က Zhan Zhao ၏ ညဝတ်အင်္ကျီကို ကျော်ကာ ခါးမှ အသားလေးကို တို့ထိကစားနေသည်။
"ဒိတ်မယ်လေနော်..."

"ဟင်"
Zhan Zhao ကတော့ စောင်ထဲ ခေါင်းမြုပ်နေအောင် တိုးဝင်ကာ ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။ စိတ်ရှည်စမ်း... အခုအချိန် ထလိုက်ရင် တစ်နေကုန် အိပ်ရတော့မှာ မဟုတ်ဘူး"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now