Murder 21- Zhao Jue

7.2K 1K 19
                                    

Zawgyi

Bao Zheng ကားရပ်လိုက်တော့ Zhan Zhaoရော Bai Yutang ပါ သူတို့ရှေ့က မြင်ကွင်းကြောင့် အံ့သြသွားကြသည်။ ထိုနေရာက S မြို့တော်ဟုပင် ထင်ရက်စရာပင်မရှိ။  နိုင်ငံခြားတိုင်းပြည် တစ်ခုခုနှင့်သာ ပိုတူနေသည်။

လူသူနည်းပါး၍သန့်ရှင်းနေသော မြစ်တစ်စင်းဘေးမှ တည်ဆောက်ပုံ ရှုပ်ထွေးလှသော အဆောက်အအုံ ဖြူဖြူကြီးတစ်ခု။ ထိုနေရာသို့ရောက်ဖို့ သူတို့ ၃ နာရီလောက်ကြာအောင် ကားစီးလာရလေသည်။

လျှပ်စစ်လွှတ်ထားသော အခိုင်အမာ တည်ဆောက်ထားသည့် ခြံစည်းရိုးနှင့် အဆက်မပြတ်ကင်းလှည့်နေသော ရဲများကို ကြည့်ခြင်းအားဖြင့် ထိုနေရာမှ သာမန်နေရာတစ်ခုတော့ မဟုတ်။

"ဒီနေရာကို မင်းတို့ ဘယ်လိုထင်ကြလဲ"
Bao Zheng က ငေးမောနေသော ကလေးနှစ်ကောင်အား မေးလိုက်သည်။

"ခံစားမိတာကတော့...."
Bai Yutang က မျက်ခုံးတစ်ဖက် ဟန်ပါပါ ပင့်လိုက်သည်။
"Guantanamo လို့ ထင်တယ်..."

"..ဘာကြီးလဲ အဲဒါက.."
Zhan Zhao က Bao Zheng ကို မေးလိုက်သည်။

Bao Zheng က စီးကရက် တစ်လိပ်ကို ဟန်ပါပါ မီးညှိရလိုက်၏။
"Guantanamo ဆိုတာက အထူးရောဂါရှာဖွေရေးစင်တာ၊ ထူးခြားတဲ့ ရောဂါတွေ သုတေသနလုပ်ဖို့အတွက် ဆောက်ထားတာ"

Bai Yutang က ရယ်လိုက်သည်။
"အဲဒါကြီးက ဆေးကျောင်းလား စစ်တပ်လား ရဲသင်တန်းလား ဒါမှမဟုတ် ထောင်လား"

Bao Zheng က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ဒီနိုင်ငံရဲ့ အတော်ဆုံးအရူးတွေကို ထားတာကွ"

"ကျွန်တော်တို့နဲ့ တွေ့ရမဲ့ သူက ဒီထဲမှာပေါ့"
Zhan Zhao က မေးလိုက်သည်။

"သူ့နာမည်က Zhao Jue"
Bao Zheng က စီးကရက်ကို မီးသတ်လိုက်ပြီး တိုးတိုးလေပြောသည်။
"ဝင်ရအောင်"

Bai Yutang က Zhan Zhao ကို ထူးဆန်းလွန်း၍ မေးကြည့်သည်။
"မင်းက ဒီနေရာကိုတောင် မသိဘူးလား။ ဒီဟာတွေက မင်းကျွမ်းတာ မဟုတ်ဘူးလား"

Zhan Zhaoကတော့ အေးအေးဆေးဆေးသာ ရှေ့ဆက်လျှောက်သည်။
"ဒီက ပညာရှင်တွေက ငါ့ကို သူတို့နဲ့ ပူးပေါင်းဖို့ စာရေးပြီး ခေါ်ကြသေးတယ်"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now