Murder: Non - Human 08 - Unidentified suspect

4.8K 725 43
                                    

Zawgyi

Zhan Zhao က Morris ပေးသော ကတ်ပြားလေးကို ယူကာ ဖုန်းထဲ ထည့်ရင်း မေးလိုက်သည်။
"ဘာလို့ ဟိုနေ့ထဲက မပေးတာလဲ"

"အော်... "
Morris က ခေါင်းယမ်းရင်းပြန်ဖြေသည်။
"ဒါက Tanaka ရဲ့ ဂုဏ်သိက္ခာကြောင့်ပါ.. သူက အလုပ်ကို အရမ်းကြိုးစားတာ..  လူတွေကလဲ မကောင်းတာဆို ပိုကြိုက်ကြတယ် မဟုတ်လား.. တကယ်လို့ ဒီတိတ်ခွေကို ကြည့်ပြီးရင် Tanaka က နေ့ချင်းညချင်း နာမည်ကြီးလာလိမ့်မယ်.. ဒါပေမဲ့..."
Morris က Zhan Zhao နှင့် Bai Yutang တို့ကို ကြည့်လိုက်သည်။
"ဒီအခွေကို နားထောင်ပြီးတော့ ရှက်ဖို့တော့ ကောင်းတယ်... ကျွန်တော် ကြိုပြီး သတိပေးတာ.."

Zhan Zhao က ဖုန်းခလုတ်တစ်ခုကို နှိပ်လိုက်ကာ Tanaka ၏ အသံသွင်းချက်တစ်ချို့ကို နားထောင်လိုက်သည်။
"ကျွန်တော် ခု အိမ်မှာ မရှိတဲ့အတွက် ပီး ဆိုတဲ့ အသံလေးနောက်မှာ အသံမက်ဆေ့ခ်ျ ချန်ထားခဲ့လို့ရပါတယ်... ပီ..,"
ထိုအသံလေးနောက်တွင် Zhan Zhao ကြားနေရသည်က အားနည်းသော အသက်ရှူ သံ ဖွဖွ... တစ်ဖက်မှ လူက စိတ်ကို ထိန်းနေပုံရသည်။ ထူးဆန်းသည်က ထိုအသက်ရှူ သံဖွဖွကပင် ကြောက်စရာ ကောင်းလွန်းနေသည်။ သံလိုက်နှင့် ထိတွေ့ထားသော လျှပ်စစ်လှိုင်းများ ဖြတ်စီးနေသကဲ့သို့ ကြက်သီးမွှေးညင်းများ ထစေသည်။
"မင်း လုပ်ခဲ့တာတွေ များနေပြီ...။ အဲဒါက တူစီလူမျိုးတွေရဲ့ သန့်ရှင်းမှုကို ဖျက်ဆီးခဲ့တာပဲ... "

"ကျွန်တော့်ကို ချမ်းသာပေးပါဗျာ... ကျွန်တော် အဲ့လိုမရည်ရွယ်ခဲ့ပါဘူး... ဒါပေမဲ့ အပြန်အလှန်အနေနဲ့.......တူ တူ... တူ တူ...."
ထို့နောက်မှာတော့ ဖုန်းလိုင်းကျသွားကာ စကားသံတို့ ပျောက်ဆုံးသွားခဲ့လေသည်။

Zhan Zhao က ဖုန်းကို ပိတ်ကာ ကတ်ပြားကို ထုတ်၍ အိတ်ထဲ ထည့်လိုက်သည်။

Bai Yutang က သေချာစဉ်းစား၍ Morris ကို မေးလိုက်သည်။
"မင်းပြောချင်တာ လူသတ်သမားက Tanaka နဲ့ တခြားလူတွေကို ဖုန်းခေါ်ခဲ့တယ်ဆိုတာကိုလား"

"ဟုတ်ကဲ့..."
Morris က ခေါင်းညိတ်သည်။

"ခင်ဗျားရဲ့ သံသယက ဒီအသံသွင်းဖိုင်လေး တစ်ခုထဲကြောင့်နဲ့ တော့ မဟုတ်ပါဘူးနော်.."
Zhan Zhao က Morris ကို ကြည့်လိုက်သည်။
"တခြား ဘာရှိသေးလဲ"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now