Fanwai 100 questions

4.3K 496 29
                                    

Zawgyi

အစ်ကိုကြီးတို့အတွဲ၏ မပြီးဆုံးနိုင်သေးသော အင်တာဗျူး ဒုတိယပိုင်း

အစီအစဉ်မစခင် Host က မှာစရာရှိပါတယ်တဲ့
ယခုတင်ဆက်မည့် အကြောင်းအရာများတွင် လှုံ့ဆော်မှုများပါနိုင်သောကြောင့် မိဘများမှ သားသမီးများကို သတိပေးရန်

အသက်ဆယ့်ရှစ်နှစ်ပြည့်မှ ကြည့်ရန်
လက်ထဲတွင် တစ်ရှူးဆယ်လိပ်ခန့် ဆောင်ထားရန်
သွေးအားနည်း ရောဂါ မရှိသောသူ ဖြစ်ရန်
ဆေးရုံနှင့် နီးသောအိမ်တွင် နေထိုင်ရန် (ဆေးရုံမှာ ကြည့်ရင် ပိုကောင်းပါသည်)
မြေအောက်ရထားပေါ်တွင် မကြည့်မိစေရန်

Er ya: ဘယ်သူက စတင်လှုံ့ဆော်ရတာကို ကြိုက်တာလဲ
Bai Jintang: (Gongsun ကို သွားထိလိုက်သည်။)
Gongsun: (ဘာစကားမှ ပြန်မပြော)
Er ya: (ဝါရင့် MC ဆိုတော့ သိလိုက်ပြီလေ)

Er ya: ဟုတ်ပါပြီ ဒါဆို အခု အင်တာဗျူးရဲ့ စည်းမျဉ်းလေးတွေ အရင်ပြောမယ်နော်...မခုန်ရဘူး၊ မဆဲရဘူး၊ ဒေါသမထွက်ရဘူး၊ ချောင်းမဆိုးရဘူး.......ပြီး...ပြီးတော့..
ပရိသတ်: တိတ်တိတ်နေပါဗျို့.. ရှင့်အသံမကြားချင်ဘူး.... (Gongsun ကို စိုက်ကြည့်၍) ခုန မေးခွန်းဖြေပေးပါ

Gongsun(အောက်နှုတ်ခမ်းကို ကိုက်ကာ)
: သူပြောနေပြီလေ၊ သူက လှုံ့ဆော်သူပါဆို.. ခင်ဗျားတို့က ဘာသိချင်သေးတာလဲ၊ တကယ်တော့ အားရင် အားသလိုပေါ့လေ

ပရိသတ် + Er ya: wow... ကောင်းလိုက်တာ... အချစ်ဆိုတာ ဘလာ ဘလာ ဘလာ...

Er ya: အပေါ်နဲ့အောက်ကို ဘာက ဆုံးဖြတ်တာလဲ
Bai Jintang: (ဂုဏ်ယူစွာဖြင့်) : အားရှိတဲ့သူက အပေါ်ကပေါ့😇😇😇

Gongsun (Er ya ကို သေချာကြည့်ကာ): ခင်ဗျားကို မေးပါဦးမယ်၊
Er ya ( တစ်စုံတစ်ခုကို ခံစားမိကာ လည်ပင်းကို လက်နှင့်အုပ်ထားသည်): Gongsun သူများလည်ပင်းကို အဲလိုကြီး စိုက်မကြည့်နဲ့လေ၊ ပြီးတော့ အင်တာဗျူးတာ ဘယ်သူကများ ခွဲဓားလို အန္တရာယ်ကြီးတဲ့ ပစ္စည်း ယူလာလို့လဲ"
Gongsun: ဟား ဟား ကျွန်တော် ခင်ဗျား လည်ပင်းကို မကြည့်ပါဘူး သွေးကြောလေးကိုပဲ...
Er ya: 😣😣

Er ya: ချစ်သူတစ်ယောက်မဟုတ်ပဲနဲ့ တခြားတစ်ယောက်နဲ့ ဆက်ဆံဖို့ အဆင်ပြေနိုင်မယ်ထင်လား
Bai Jintang: နိုးပါ
Gongsun:..... နိုး...
ပရိသတ်+ Er ya: Gongsun ဘာပြောလိုက်တာလဲ

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Nơi câu chuyện tồn tại. Hãy khám phá bây giờ