Ghost Murderer 04- Another world

3.5K 593 10
                                    

Zawgyi

Bai Yutang မှာ တစ်ခါမှ ထိုကဲ့သို့ ဆောက်တည်ရာမရ မဖြစ်ဘူးပေ။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းကို မြင်ဖူးသကဲ့သို့ မှော်အစွမ်းတွေနှင့် ပြည့်နှက်နေသော မှော်လူသတ်သမားကိုလဲ ဖမ်းဖူး၏။ သို​သော်...

Zhan Zhao က ထွက်ပေါက်မရှိသော နံရံအမြင့်ကြီးကို ငေးကြည့်နေသော  Bai Yutang အား ကြည့်ကာ သက်ပြင်းချလိုက်သည်။ အမှန်တကယ်ပင် နံရံက မြင့်လွန်းလှကာ လူတက်ထားသော ခြေရာပင်မရှိ။ ထို့ကြောင့် Bai Yutang က လေသံတိုးတိုးဖြင့် ရေရွတ်သည်။
"အပေါ်ကနေ သွားဖို့ လုံးဝမဖြစ်နိုင်ဘူး"

"အပေါ်က မဖြစ်နိုင်ရင်...."
Zhan Zhao က မြေပြင်ကို ငုံ့ကြည့်လိုက်ပြီး နှစ်ယောက်သား တစ်ပြိုင်တည်း ပြောလိုက်သည်။
"အောက်ကနေ.."
"အောက်ကနေ.."

Bai Yutanh က မြေပြင်ကို ကြည့်တော့ ထိုနေရာမှာ မြေသားမရှိသလောက်ရှားပါးသည်ကို တွေ့ရသည်။ ကွန်ကရစ်ခင်းသားသောလမ်းမှာ အက်ကွဲရာတွေ ဗရပွမို့ သတိထားကာ လျှောက်လာရင်း လမ်းဆုံးသို့ နှစ်ယောက်သား ရောက်လာခဲ့သည်။ လမ်းဆုံး၏ တစ်နေရာတွင်တော့ အက်ကွဲနေသော ကွန်ကရစ်တစ်ခုက ခြေနင်းလိုက်သည်နှင့် လှုပ်ခါသွားသည်။

Zhan Zhao က Bai Yutang အား လှမ်းမေးသည်။
"ဘယ်လိုလဲ"

"အထဲမှာ လေရှိတယ်"
Bai Yutang က ပြန်ဖြေရင်း ထိုကွန်ကရစ်စကို ဆွဲခွာကာ ​ကြည်လိုက်တော့ တစ်မြို့လုံး၏ ဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းသွားရာ တစ်ခုဖြစ်သည့် S မြို့တော်၏ မြေအောက်လှိုဏ်ခေါင်း အဝကို တွေ့လိုက်သည်။

"ဟိုတစ်ခါ ပြေးသွားတာလဲ လှိုဏ်ခေါင်းထဲပဲ ဖြစ်လိမ့်မယ်"
Zhan Zhao က မြေအောက်ကို ငုံ့​ကြည့်ကည ​ပြောလိုက်သည်။

Bai Yutang က ခေါင်းညိတ်လိုက်သည်။
"ငါ အောက်ဆင်းသွားပြီး ကြည့်ကြည့်မယ်... မင်း..."

Zhan Zhao က Bai Yutang စကားပြီးသည်အထိ မစောင့်ပဲ ​ဖြတ်ပြောလေသည်။
"ငါလဲ မင်းနဲ့ လိုက်မယ်"

စကားများရန် အချိန်မရှိသည်​ဖြစ်ရာ Bai Yutang က ခေါင်းညိတ်၍ အထဲသို့ အရင် ခုန်ချသွားသည့်အတွက် Zhan Zhao လဲ နောက်မှ လိုက်၍ ခုန်ချသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now