Murder: Non- Human 14- Motivation

4K 731 78
                                    

Zawgyi

Bai Chi ၏ လာရင်းကိစ္စမှာ လူကတော့ သေသည်အထိ Zhao Wei အား ကျေးဇူးတင်ပါသည်ဟု မပြောနိုင်သောကြောင့် Zhao Wei ကြိုက်တတ်သော ဝက်နံရိုးနှင့် ကျောက်ဖရုံသီး လာချက်ပေးခြင်း...။ Bai Chi က ပါးစပ်မှသာ အဆက်မပြတ် ဆဲချင် ဆဲနေမည်.. လက်ကတော့ Zhao Wei ကြိုက်တတ်သည်ကို ချက်ကျွေးမြဲပင်...။

Zhao Wei ၏ အိမ်တံခါးဝရောက်တော့ အိမ်ထဲဝင်ရန် သော့ကို ဆွဲထုတ်လိုက်သည်။ Zhao Wei ၏ အိမ်ထိန်းတော်ကြီး ဆုံးပါးပြီးနောက် Zhao Wei က ဘာမှ မလုပ်တတ်သည်ဖြစ်ရာ သေနတ်ဒဏ်ရာရထားသော Zhao Wei အတွက် စားရေးသောက်ရေး အခက်ကြုံခဲ့ရသည်ကို Bai Chi သိလိုက်ရသည်။ ထို့ကြောင့် သေနတ်ဒဏ်ရာ ပျောက်သည်အထိ Bai Chi ပဲ အိမ်ထိန်းတာဝန်ယူကာ အားလုံး ဂရုစိုက်၍ ပြုစုကေးသည်။ ထို့အတွက်ကြောင့် Bai Chi ကို အိမ်သော့အပိုတစ်ချောင်းပေး၍ တစ်အိမ်လုံးကို အပ်ထားရန် Zhao Wei က ဆုံးဖြတ်ခဲ့သည်။

Zhao Wei က တံခါးသော့ခတ်ရန် အမြဲမေ့လျော့တတ်သည်။ Lisbon ရှိ၍ သာ တော်သေးသည်ဟု Bai Chi လေးက အမြဲတွေးလေသည်။ အကယ်၍ သူခိုးကပ်လျှင် Lisbonက စိတ်ချရသည်လေ..

ခြံတံခါးဖွင့်ပြီး ဧည့်ခန်းထဲရောက်တော့ Lisbonက Zhao Wei ၏ အလုပ်ခန်းတံခါးရှေ့တွင် ရစ်သီ ရစ်သီ လုပ်နေသည်ကို မြင်လိုက်ရ၍ Bai Chi စိတ်ထဲ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

Zhao Wei အပြင်မှာ မဟုတ်ဘူးလား...

အလုပ်ခန်းမှ တံခါးကို အသာဖွင့်ကြည့်တော့ အတွင်းမှ လော့ခ်ချထားသည်။ ထူးဆန်းလိုက်တာ... အပြင်က ဂိတ်တံခါးတောင် ပိတ်ဖို့ သတိမရတဲ့သူက အလုပ်ခန်းတံခါးကို ပိတ်ပါ့မလား...

Bai Chi က တံခါးခေါက်ရန် ပြင်ပြီးမှ အထဲက စကားသံများကို ကြားလိုက်ရသည်။

Zhao Wei ၏ ဗလုံးဗထွေး စကားသံအချို့...
"Bai Chi ကို ခေါ်ပြီး ဝက်နံရိုးနဲ့ ကျောက်ဖရုံသီးဟင်း ချက်ခိုင်းမလို့..."

Bai Chi မျက်နှာလေး ရဲတက်လာသည်။
ငါဟင်းချက်ပေးမှာ သူ ဘယ်လိုသိတာလဲ...
Zhao Wei ကရော ဘယ်သူ့ကို ပြောနေတာလဲ..

ထို့နောက် Morris ၏ စကားသံကို ကြားလိုက်ရသည်။
"Bai Chiတဲ့လား.. ဘာလို့သူ့ကို ဒီလောက်တောင် သဘောကျနေရတာလဲ..."

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now