Training Camp Murderer 12- Destiny

6.3K 897 39
                                    

Zawgyi

Bai Yutang နှင့် Zhan Zhao တို့နှစ်ယောက် ပန်းခြံထဲ ပြန်ရောက်လာပြီး Pang Wei ရပ်နေတဲ့ နေရာကို လာကြည့်တော့ Pang Wei ကို အရိပ်အယောင်ပင် မမြင်ရတော့။

လူအုပ်ထဲကို မျက်စိကစားကာ လိုက်ရှာရင်း Zhan Zhao က မကျေမနပ်ပြောသည်။
"သူက ငါ့ကို တမင် ပ ထုတ်လိုက်တာပဲ"

Bai Yutang ကတော့ အရူးတစ်ယောက်လို ပြုံးလိုဖြီးလို့။ အခုအချိန်မှာတော့ သူ့မျက်စိထဲမှာ Zhan Zhao ကိုသာ မြင်နေသည်။ Zhan Zhao ကသာ ဟိုကြည့်သည်ကြည့်နှင့် Pang Wei ကို လိုက်ရှာနေသေးပေမဲ့ Bai Yutang ကတော့ Zhan Zhao ရဲ့ လှုပ်ရှားမှုများကို သေချာလိုက်ကြည့်နေလေသည်။

ထိုအချိန်မှာပင် Dr. Wilson ကတော့ ပန်းခြံအလယ်ကို လျှောက်သွားပြီး လက်ထဲမှ ဝိုင်ခွက်ကိုမြှောက်ကာ အားလုံးကြားအောင် အော်ပြောလိုက်သည်။

"ဒီနေ့ ကြွရောက်လာတဲ့ ဧည့်သည်တော်များ အကုန်လုံးကို ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခေါက်ရဲ့ သင်ခန်းစာကတော့ စိတ်ပညာရှင်တစ်ယောက်အတွက် နှလုံးကောင်းကောင်းရှိဖို့က အတော်အရေးကြီးတယ် ဆိုတာ သေချာလေး သိလိုက်ရပါတယ်ပေါ့နော်"

Dr. Wilson က အရွှန်းဖောက်ပြောတော့ သူ့စကားနားထောင်နေတဲ့ ပရိသတ်တွေအကုန် ပွဲကျသွားလေသည်။

"အားလုံးပဲ၊ တစ်ခွက်လောက် ချီးမြှင့်ကြရအောင်၊ ကျန်းမာပါစေ"
Dr. Wilson က ပြောရင်း ခွက်ကို မြှောက်လိုက်သည်။
ပရိသတ်တွေကလဲ လက်ထဲက ခွက်တွေကို ပြိုင်တူမြှောက်ကာ သောက်နေကြလေသည်။

Zhan Zhao နှင့် Bai Yutang ကတော့ လက်ထဲမှ အအေးခွက် တစ်ခွက်မှ မရှိသောကြောင့် သောက်စရာမလိုပေ။ ထို့အတွက်ကြောင့်ပင် သူများတွေ မမြင်လိုက်သော အရာကို သတိထားမိလိုက်လေသည်။

Dr. Wilson ရဲ့ ကျက်သရေရှိလှသော မိန်းမဖြစ်သူ Laura က ယိုင်တိယိုင်နဲ့နှင့် Dr. Wilson ဘက်သို့ ရုတ်တရက် လျှောက်လာလေသည်။

ရုတ်တရက် အေးစက်သော ငွေရောင်က နေခြည်အောက်မှာ လက်ခနဲ။

Bai Yutang က အသံကုန်အော်ဟစ်လိုက်သည်။
"Dr. Wilson သတိထား!!!"

Laura က လက်ထဲကဓားကို မြှောက်လိုက်သည်။

Bai Yutang က အသံကုန်ဟစ်ကာ အော်လိုက်သောကြောင့် Dr. Wilson က အမှတ်တမဲ့ Laura ဘက်ကို လှည့်ကြည့်လိုက်ရာ Dr. Wilson ရဲ့ ဘေးနားကိုသာ ထိုးဖို့ကြံနေတဲ့  Laura ရဲ့ဓားက ဝမ်းဗိုက်ဆီသို့ တည့်တည့်ကြီး ထိုးမိသွားလေသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Tahanan ng mga kuwento. Tumuklas ngayon