Training Camp Murderer 16 - Meter

6.4K 901 46
                                    

Zawgyi

"ကြောင်လေး မင်း ဘာဆက်လုပ်မှာလဲ"
ကားစက်နှိုးရင်း Bai Yutang က တစ်ခုခုဖုံးကွယ်ထားဟန်ရှိသော Zhan Zhao ကို ပြုံးကြည့်နေသည်။

"အင်း..."
Zhan Zhao က Bai Yutang တအားသိချင်နေသည်ကို သိ၍ တမင် စဉ်းစားနေဟန်လုပ်၍ ရုတ်တရက် မေးခွန်းတစ်ခုထမေးသည်။
"Xiao Bai လေး၊ ငါတို့အမှုရဲ့ နစ်နာသူတွေကြားထဲက သိသာထင်ရှားပြီး မတူတဲ့အချက်တွေ ပြောပြပါလား"

"မင်း ခေါင်းစဉ်လွှဲတာ အရမ်းတော်တာပဲ"
Bai Yutang က Zhan Zhao သူ့ကို ကစားနေပေမဲ့ ပြုံးပြုံးလေးပင်။

"အကောင်း ပြောနေတာ"
Zhan Zhao က ပြန်ပြောသည်။
"မင်းရဲ့ အမြင်ကနေ ပြောကြည့်ကွာ  မင်းစိတ်ထဲမှာ စဉ်းစားထားတာတွေ ရှိနေတယ်လို့ ငါထင်တယ်"

"အင်း.. ကြောင်လေးပြောရင် ရှောင်လွှဲလို့ မရပါလား"
Bai Yutang တစ်ယောက် ခေါင်းယမ်းလိုက်ပြီး သူ့ရဲ့ ရိတိတိ အပြုံးကို ဖယ်ကာ မျက်နှာတည်လိုက်သည်။

"တကယ်တော့ ငါ Yang Feng ကို စပြီး စစ်မေးကထဲက တစ်ခုခု မူမမှန်ဘူးဆိုတာ စဉ်းစားမိတယ်၊ Qi Lei ရော Yang Feng ပါ နှစ်ယောက်စလုံးက ပထမဆုံး သေဆုံးသူတွေအပေါ်မှာတော့ အခြေအနေကို ကောင်းကောင်းအသုံးချပြီး လူသတ်မှုကျူးလွန်သွားတာချည်းပဲ၊ ဥပမာကွာ ပရဟိတလုပ်ချင်ယောင်ဆောင်တဲ့ ဟိုလူကြီးရယ်၊ ဆေးမှုန့်တွေလာဝယ်တဲ့ ကောင်မလေးတွေရယ်၊ ဒီအတိုင်း ကြုံရာ ရွေးပြီး အမှုကျူးလွန်ကြတယ်၊

ဒါပေမဲ့ နောက်ပိုင်းအမှု နှစ်ခုမှာတော့ သူတို့်နှစ်ယောက်လုံးရဲ့ ရည်ရွယ်ချက်က တဖြည်းဖြည်း တိကျလာပြီးတော့ ပစ်မှတ်ရွေးတာလဲ ကျပန်းမဟုတ်တော့ပဲ ဆက်စပ်မှုရှိလာတယ်၊ သေချာ ရွေးတာတဲ့ ပစ်မှတ်တွေကို အဓိက ထားလာတယ်လေ"

Zhan Zhao က ချက်ချင်းပဲ ခေါင်းညိတ်သည်။
"မင်းပြောတာ သဘာဝကျတယ်၊ ပြီးတော့ရော ရှိသေးလား"

"ရှိတာပေါ့"
Bai Yutang က ဆက်ပြောသည်။
"Jian Zhengyan Qi Le နဲ့ Zhang Hua တို့အကုန်လုံးက ဒီအမှုရဲ့ သားကောင်တွေ ဖြစ်မှန်းမသိ ဆက်ဖြစ်လာတယ်၊ အချိန်ကြာလာတာနဲ့အမျှ အမှုတည်ဆောက်ပုံက စောစောက အမှုတွေနဲ့ ကွဲပြားသွားတယ်"
Bai Yutang က Zhan Zhao အား ကြည့်ပြီး နားမလည်တော့သည့်ပုံနှင့် အောက်ငုံ့ကြည့်နေသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now