Murder 07 - Killer

7.6K 1K 29
                                    

Zawgyi

နောက်ထပ် စစ်ဆေးမှုမှာတော့ ချောမွေ့စွာပင် ပြီးသွားခဲ့၏။ Wu Hao၏ ပြောစကားအရ သူတို့ပြောသော "ဘုရားသခင်" အတွက် အလုပ်လုပ်ပေးနေတာ ဖြစ်ပြီး သူပြောသမျှအကုန်လုံးက ဘုရားသခင် အကြောင်းသာဖြစ်လေသည်။

Bai Yutang ကတော့ သူဘာပြောမှန်း နားမလည်နိုင်သ​​ဖြင့် ။ Zhan Zhao ကိုသာ ကြည့်လိုက်ပြီး လှမ်းမေးသည်။
"သူက ပုံမှန်ရော ဟုတ်ရဲ့လား"

Zhan Zhao က မျက်မှောင်ကြုံ့ လိုက်ရင်း Wu Hao ကို ဆက်မေးသည်။
" ခင်ဗျားက ဘုရားသခင်အကြောင်းပြောနေတယ် ဆိုတော့ ခင်ဗျား အပြင် ဘုရားသခင်အတွက် အလုပ်လုပ်တဲ့သူတွေရော ရှိလား။ "

"ရှိတာပေါ့။ ဘုရားသခင်တွေ၊ နတ်သားတွေ ပြီးတော့ ငါ့လိုပဲ ဘုရားရဲ့ သားတော်တွေလဲ ရှိသေးတယ်"
Wu Hao က ပျော်ရွှင်ကျေနပ်စွာ ပြောလိုက်သည်။

Bai Yutang မရယ်ပဲ မနေနိုင်တော့ ။
"အဲဒါဆို ခင်ဗျားက jesus အတွက် အလုပ်လုပ်တာလား"

"မဟုတ်ဘူး"
Wu Hao က ချက်ချင်းခေါင်းခါလိုက်သည်။
" ငါ ခရစ်ယာန်မဟုတ်ဘူး"

Zhan Zhao က ခဏတာ ငြိမ်သက်၍ တစ်စုံတစ်ခုကို တွေးနေလိုက်၏။ ပြီးမှ ဆက်မေးသည်။
" ခင်ဗျားတို့မှာ အလုပ်လုပ်တဲ့ အဆင့်တွေကို ခွဲခြားထားတယ် မလား။ ခင်ဗျားတို့အလုပ်တာဝန်တွေကို ဘယ်လိုခွဲဝေကြလဲ"

Wu Hao က ခဏတာ တွန့်ဆုတ်နေပြီး ပြောရန် ချင့်ချိန်နေသည်။
" ဘုရားသခင်က ငါတို့ကို အမိန့်ပေးတယ်လေ။ ဘုရားသခင်က ဖြစ်လာတဲ့ ဆုလာဘ်တွေ အပြစ်ဒဏ်တွေ အကုန်တာဝန်ယူရတယ်၊ နတ်သားတွေကတော့ ဆက်သွယ်ရေးကို တာဝန်ယူတယ်။ ငါတို့လို ဘုရားရဲ့ သားတော်တွေကတော့ သူတို့ အမိန့်တွေကို နာခံကြရတယ်"

" လူတွေကို ကားနဲ့တိုက်သတ်ဖို့ ဘုရားက ခင်ဗျားကို အမိန့်ပေးတာလား"
Bai Yutang က မနေနိုင်တော့ပဲ ဝင်မေးပြန်သည်။

Wu Hao က ခေါင်းသာညိတ်ပြသည်။

" ကျွန်တော်တို့ ခင်ဗျားအဖွဲ့ဝင်တွေရဲ့ နာမည်တွေကို လိုချင်တယ်။ အဲဒီဘုရားသခင်ဆိုတာရော"
Bai Yutang က စာရွက်နဲ့ ဘောပင်ကို အသင့်ပြင်ထားပြီး Wu Hao ဆီမှ အဖြေကို စောင့်နေသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Kde žijí příběhy. Začni objevovat