Training Camp Murderer-Chapter01 Dinner

8.2K 972 59
                                    

Zawgyi

ပြင်းက်အောက်မှာက မြူလိုလို တိမ်လိုလို အခိုးအငွေ့များက လွဲပြီး ဘာမှ မမြင်ရ။

......"Divine Comedy".....

ငရဲပြည်ရဲ့ ပထမဆုံးအထပ်ကတော့ ငိုသံတွေ အော်သံတွေနဲ့ ပြည့်နှက်နေသည်။ သူမျက်လုံးများကို ဖွင့်ရန် ကြိုးစားသော်လည်း ဘာကိုမှ မမြင်ရ။ အမှောင်ထုသာ ကြီးစိုးနေပြီး ထိတ်လန့်စရာ အသံကြီးတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

အခုမှ စိတ်သက်သာရာရသွားပြီး အိပ်ရာပေါ်မှ ထလိုက်တော့ သူ့ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသည်။ သူ ယိုင်ထိုးယိုင်ထိုးနှင့် မျက်နှာကျက် ပြတင်းပေါက်ကို လှမ်းလိုက်ပြီး လိုက်ကာထူထူကို ဖွင့်လိုက်တော့ နေရောင်က အခန်းထဲသို့ တောက်ပစွာ ဝင်လာသည်။ အခန်းထဲမှ မသန့်ရှင်းသော လေများကို ထုတ်ပြီး လေကောင်းလေသန့် ဝင်နိုင်ရန် ပြတင်းပေါက်ပါ ဖွင့်လိုက်သည်။

ခေါင်းကိုက်နေလျက် အခန်းထဲပတ်ကြည့်တော့ အရောင်ဖြော့ဖြော့နံရံပေါ်မှာ ခြောက်သွေ့နေတဲ့ သွေးစက်တွေက နေရောင်အောက်မှာ လက်လက်ထနေသည်။ သွေးရဲ့ သဘာဝက မသတီစရာပေမဲ့ နေရောင်အောက်မှာ ယခုလို တောက်ပေနေတော့ ကြည့်၍ကောင်းနေသည်။

ဝိုင်နီ တစ်ပုလင်းကို ယူကာ ပြတင်းပေါက် နားမှာထိုင်ကာ နေမစောင်းခင်အထိ နေကိုသာ စောင့်ကြည့်နေသည်။ နေကတော့ သူ့သဘာဝအတိုင်း အဖြူရောင်မှ လိမ္မော်၊ ထိုမှ တဖန် အရောင်ရင့်လာပြီးနောက် အနောက်ဘက်သို့ ဝင်သွားသည်။ သွေးရောင်လွှမ်းနေသော နေရောင်ကို ကြည့်ရင်းနှင့်ပင် တစ်ကိုယ်လုံးတွင် လိုအပ်နေသော စွမ်းအင်အားလုံး ပြည့်ဝလာသလို ခံစားလိုက်ရသည်။ ဆည်းဆာက နက်သထက်နက်လာပြီး ဝိုင်ပုလင်းကလဲ ကုန်လုပြီ။

ဒီး.......

ကွန်ပြူတာ ဖန်သားပြင်က အသံနှင့်အတူ ရုတ်တရက် ပွင့်လာပြီး e mail တစ်စောင် ဝင်လာသည်။ ထိုင်နေရာမှ အလိုအလျောက် ထရပ်ပြီးသားဖြစ်သွားပြီး ကွန်ပြူတာရှေ့သို့ ရောက်သွားသည်။ တုန်ရီနေသောလက်ဖြင့် mouse ကို ကိုင်လိုက်ပြီး ဖွင့်ကြည့်လိုက်တော့ စာကြောင်းတိုလေးတစ်ခု။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now