Murder 09- Sneak Attack

7.3K 1.1K 27
                                    

Zawgyi

Zhan Zhao နဲ့ Bai Yutang အကျဉ်းထောင်မှထွက်လာတော့ ည ၁ဝနာရီ မိနစ်၂ဝ ရှိနေလေပြီ။

"ဟူး..."
Bai Yutang က အသက်ဝဝရှူလိုက်၏။
"ကြောင်လေး ဒီလူနှစ်ယောက်ရဲ့ ကမ္ဘာ ကြီးက အရမ်းထူးဆန်းတယ်နော်"

Zhan Zhao ပုခုံးတွန့်လိုက်သည်။
" သူတို့နှစ်ယောက်လုံးမှာ ဆိုးရွားတဲ့ စိတ်ရောဂါရထားကြတာ။ ဒါပေမဲ့ သူတို့ တိုင်ပင်ချိန်တော့ ရလိုက်မှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ပြောတာ ယုံလို့ရလောက်တယ်"

"အဲဒီတော့ လူသတ်သမားက ဆရာဝန်လို ဝတ်ပြီးလာတာပေါ့"
Bai Yutang က ဒေါသတကြီးအော်ဟစ်လိုက်သည်။
"စုတ်ပြတ်သတ်နေတဲ့ အကျဉ်းထောင်။ ကော်ရစ်ဒါမှာ CCTV လေး တစ်လုံးတောင်မရှိဘူး။ မဟုတ်ရင် အဲလောက်ခက်မှာတောင်မဟုတ်ဘူး။"

"လူသတ်သမားက တော်တော်သတ္တိရှိတာပဲ။ ထောင်စောင့်တွေ အများကြီးတောင် သူ့ကို မမြင်လိုက်ဘူးဆိုတော့ " Zhan Zhao က မျက်မှောင်ကြုံ့လိုက်၏။
" Gongsunရဲ့ ဆေးစစ်တဲ့ အဖြေကို မနက်ဖြန်ကြည့်ရမယ်"

စကားတပြောပြောနဲ့ နှစ်ယောက်သား ကားဆီသို့ လမ်းလျှောက်လာလေသည်။ ကားလမ်းတစ်ဖက်မှာ ရပ်ထားတဲ့ ကားဆီသို့ ကူးနေရင်း Bai Yutang မျက်လုံးထဲ အလင်းတန်းတစ်ခုဖြတ်သွားသလို အမှောင်ထဲမှ တစ်ခုခုလှုပ်ရှားသွားသည်။

" ကြောင်လေး !!''
Bai Yutang က သူတို့ရှေ့ကို ရောက်လာတဲ့ ကားကို မြင်သည်နှင့်တစ်ပြိုင်နက် Zhan Zhao ကိုလှမ်းဖက်ရင်း တစ်ပတ်လိမ့်ကာရှောင်လိုက်သည်။ သူမော့ကြည့်လိုက်တော့ ကားပေါ်မှ လူနှစ်ယောက်က လှည့်ကြည့်ပြီး အမြန်မောင်းထွက်သွားသည်။ ကားကို မမြင်ရတော့သော်လဲ နေ့လည်က သူတို့နောက်မှ လိုက်ချောင်းတဲ့ Hondaအနက်ဆိုတာကို သိလိုက်သည်။

"ကြောင်လေး အဆင်ပြေရဲ့လား"
Bai Yutang က ရှည်ရှည်ဝေးဝေးတွေးမနေနိုင်ပဲ Zhan Zhaoကို ကပျာကယာ သွားထူသည်။

"ငါ အဆင်ပြေပါတယ်"

Bai Yutang က သူ့ကိုဆွဲထူတော့ လက်မှာ ခြစ်ရာလေးထင်နေသည်။

"မင်းရော"
သူက Bai Yutang ကို လှည့်ပတ်ကြည့်လိုက်တော့ လက်ကသဲတွေကို ပွတ်လိုက်ရင်း အဆင်ပြေကြောင်းပြန်ဖြေသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now