Murder: Non- Human 11-Multiple Murderers

4.5K 695 47
                                    

Zawgyi version
ရေတွေရွှဲနေသော Zhan Zhao ကိုယ်နွေးနွေးကို ရေချိုးသဘက်ဖြင့် ပတ်ကာ Bai Yutang က ရေချိုးခန်းထဲမှ ပွေ့ချီ၍ အိပ်ရာပေါ်မှာ စောင်ကြားထဲ ပတ်ထားသည်။ ကြောင်လေးကတော့ အံကြိတ်ထားဆဲ...။

"ကြောင်လေး... မင်း ရေသောက်ချင်လား..."
Bai Yutang က ရေဖန်ခွက်ကို ကိုင်ကာ စောင်ခြုံထဲမှ Zhan Zhao ကို လှမ်းမေးသည်။

"ရေ ချိုးပြီး ရေဆာတာ သဘာဝပဲလေ... ပြီးတော့ မင်းက ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုကို ပြင်းပြင်းထန်ထန် လုပ်ထားတာ ဆိုတော့ ရေတော်တော်ဆာမှာ..."

Zhan Zhao ကတော့ ခေါင်းညိတ်ကာ Bai Yutang လက်ထဲက ဖန်ခွက်ကို လှမ်းကြည့်နေသည်။

Bai Yutang က ပြုံးလိုက်ပြီး ဖန်ခွက်မှ ရေကို တစ်ငုံငုံကာ ခေါင်းငုံ့၍ သူ့ပါးစပ်မှ တစ်ဝက်သောက်ကာ အပူရှိန်​ကြောင့် တစ်ဝက် အငွေ့ပြန်နေသော ရေကို Zhan Zhao ပါးစပ်ထဲ ရောက်အောင် တိုက်သည်။ ကြောင်လေးကတော့ တစ်ကိုယ်လုံး အငွေ့တွေ ပြန်ကာ ဒေါသတွေ ထွက်နေသည်။

အစောတုန်းကတော့ Bai Yutang က Zhan Zhao ကို စောစောအိပ်ခိုင်းရန် အစီအစဉ် ရှိသော်လဲ စောင်ခြုံကြားထဲမှ ဒေါသတို့ဖြင့် နီရဲနေသော မျက်လုံးနှင့် မျက်နှာလေးကြောင့် သူ့အစီအစဉ်ကို ပြောင်းလိုက်သည်။
"ကြောင်လေး ဘယ်လိုလဲ.. ဒီည....."

Zhan Zhao က လန့်သွားကာ Bai Yutang ကို စိုက်ကြည့်လိုက်သည်။
" ငါ အမှုအကြောင်း တွေးနေတာလေ..."

"အေးလေ... မင်းခုနက ပြောတယ်လေ.. သဲလွန်စ တွေ့ထားတယ်ဆို... "
Bai Yutang က အိပ်ရာပေါ် တက်၍ Zhan Zhao ၏ ရေစိုနေသော ဆံပင်ကို သဘက်နှင့် သုတ်ရင်း ပြောလိုက်သည်။
"ပြောလေ... ငါ နားထောင်နေတယ်..."

"အင်း..."
Zhan Zhao က ခဏအကြာ တွေးပြီး ပြောလိုက်သည်။
"ငါတို့ ပထမဆုံး အမှုကို ပြန်စဉ်းစား ကြည့်ရအောင်... Carlos သေတဲ့အမှု... ငါ အရင်တုန်းကတော့ တရားခံက အရမ်းတော်တယ်လို့ တွေးခဲ့ဖူးတယ်... ဒါပေမဲ့ အခု Lu Yang ရော Qu Yanming ပါ အမှုထဲပါလာတော့.. သိပ်မထင်တော့ဘူး..."

"ဟုတ်တယ်..."
Bai Yutang က ခေါင်းညိတ်သည်။
"သူ တို့သာ ပူးပေါင်း ကြံစည်ရင် Carlos ကို သတ်ပြီး လျှို့ဝှက်အခန်းထဲမှာ ထားရတာ အရမ်း လွယ်နေတယ်..."

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now