Ghost Murderer 24 - Trap

4.1K 555 17
                                    

Zawgyi

Chen Yu ၏ နေအိမ်အား Bai Yutang ၏ ကားထဲတွင် ထိုင်ရင်း Zhan Zhao တစ်ယောက် အသေအချာ စိုက်ကြည့်နေပါ၏။ မျက်နှာတွင် စိုးရိမ်စိတ်များ ဖြတ်ပြေးနေသည်မှာ ပေါ်လွင်နေသည်။

"ကြောင်လေး ဘာဖြစ်လို့လဲ အကြံကောင်း ရလို့လား"
Bai Yutang က ကားစက်နှိုးကာ မေးလိုက်သည်။
"ဘာမှ ကြီးကြီးမားမားမရှိရင် မျက်နှာလေး နဲနဲလျှော့ပါကွာ"

Zhan Zhao က Bai Yutang ကို လှည့်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"Xiao Bai.. တကယ်တော့ Jie Jie က 2- 12- 11 ရှိတဲ့နေရာကို သိလောက်တယ်ကွ"

Bai Yutang က ခေါင်းညိတ်သည်။
"ဒါပေမဲ့ သူ့ကိုစစ်မေးဖို့က တော်တော်ခက်တယ် ရူးချင်တာပဲကွာ.. သူပြောတာ အမှန်လား အမှားလားတောင် သိချင်မှ သိမှာ"

"သူအမှန်ပြောနိုင်တဲ့ နည်းတစ်ခုတော့ ရှိတယ်"
Zhan Zhao က Bai Yutang ကို မော့ကြည့်လိုက်သည်။

Bai Yutang က Zhan Zhao ၏ အတွေးကို နားလည်သည့်အလား သက်ပြင်းချသည်။
"ကြောင်လေး... မင်းသူ့ကို အိပ်မွေ့ချမလို့လား"

Zhan Zhao က ခေါင်းညိတ်ကာ ထပ်ပြောသည်။
"အရမ်းရိုးရှင်းပါတယ်ကွာ.. ခနလေးပဲ"

"မရဘူး"
Bai Yutang က ခေါင်းယမ်းသည်။
"တရားခံကို စစ်မေးတဲ့ နေရာမှာ အိပ်မွေ့ချလို့မရဘူး ရလာတဲ့ သက်သေက တရားမဝင်ဘူးဆိုတာ မင်းသိရဲ့သားနဲ့ ကြောင်လေး.. လူတွေသိရင် မင်း ဒုက္ခရောက်လိမ့်မယ်"

"2-12-11 ဘယ်မှာရှိလဲ ဆိုတာပဲ မေးမှာပါကွ"
Zhan Zhao က ပြောသည်။
"ငါတို့ မပြောရင် ဘယ်သူမှ မသိပါဘူး.. နော်"

Bai Yutang က တွေဝေနေဆဲ...။

"ဆယ်မိနစ်ပဲ... တကယ် ဆယ်မိနစ်ပဲလေ..."
Zhan Zhao က Bai Yutang ကို အာမခံသည်။
"ဆယ်မိနစ်ပဲ ပေး.. 2-12-11ရဲ့ နေရာကို ငါတို့ သိမှဖြစ်မှာ သူက အရမ်းအန္တရာယ်များတယ်လေ..အပြင်မှာ တစ်ရက်ဆို တစ်ရက် လူသတ်နိုင်တယ်ကွ"

Bai Yutang က မတတ်နိုင်တော့ပဲ သက်ပြင်းချကာ Zhan Zhao ကို ကြည့်သည်။
"ဆယ်မိနစ်ပဲနော်".

"အင်း"
Zhan Zhao က ယုံကြည်ချက်အပြည့်နှင့် ခေါင်းညိတ်သည်။
"ငါ့ တာဝန်ထားပါ"

ရဲစခန်းသို့ ပြန်ရောက်တော့ Bai Yutang က Jie Jie အား စစ်ဆေးခန်းထဲသို့ ခေါ်လာကာ လက်ထိတ်ခတ်သည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now