ခေါပုတ်ထောင်းရာတွင် သုံးသည့်
သစ်သား ကျည်ပွေ့ကလည်း Johnတို့ လက်မောင်းတစ်လုံးစာလောက် ရှိ၍ အတော်လေး အားသုံးရ၏။

ရှိန်ဇေက စစချင်း အရင်ထောင်းပြပြီး ကျည်ပွေ့ကို John လက်ထဲ လွှဲပေးလာသဖြင့် Johnလည်း T-shirt အင်္ကျီရဲ့လက်ကို ပခုံးပေါ်အထိ လိပ်တင်လိုက်သည်။

ခေါပုတ်လုံးဖို့ အသင့်စောင့်နေကြသည့် လွမ်းနှင့်သူ့သူငယ်ချင်းတွေကတော့ ရှိန်ဇေနှင့်သူ တစ်ယောက်တစ်လှည့် အင်အားပြနေကြတာကို ပွဲကြည့်သလို ထိုင်ကြည့်နေကြ၏။

ဆုံထဲက ကောက်ညှင်းတွေ ညှက်ပြီး စေးကပ်လာလေ ထောင်းရသူမှာလည်း အားပိုစိုက်ရလေမို့ ဆောင်းမနက်ခင်း ချမ်းချမ်းစီးစီးမှာ ရှိန်ဇေနှင့်Johnကတော့ ချွေးတွေပျံလျက် ရှိသည်။

ကောက်ညှင်းတွေ လုံးဝညှက်သွားမှ နှမ်းထောင်း နည်းနည်းဖြူးပြီး ဆီသုတ်ထားသော ဇလုံကြီးထဲ ပြောင်းထည့်ရ၏။

ထို့နောက် နမ်းထောင်းဖြူးထားသည့် စကောထဲတွင် ခေါပုတ်ကို ထပ်လှိမ့်ပြီး
အနေတော် အလုံးလေးတွေ လုံးပေးရပါသည်။

အားလုံးပြီးတော့ ခေါပုတ်လုံးလေးတွေကို ကြံသကာရည်ဖြင့် တို့စားရသည်မှာ သိပ်ကို အရသာရှိလှ၏။

"ငါ့ညီတို့ကို ညနေကျရင် အမေကိုယ်တိုင် အချဥ်ဖောက်ထားတဲ့ ခေါင်ရည်နဲ့ဧည့်ခံရမယ်"

"အကြိုက်ပဲဗျာ"

*******************************

ညနေကျတော့ ကိုနိုင်ယံက အိမ်ရှေ့တွင် ထင်းရှူးသီးတွေနဲ့ မီးဖိုပေးပြီး ထိုမီးပုံနံဘေး၌  ခေါင်ရည်ဝိုင်း တည်ပေး၏။

ကိုစျာန်ဩရက သူတို့နှင့်အတူ ခဏလာထိုင်ပေမယ့် မသောက်တတ်သူမို့ ညဦးပိုင်းကျ အိမ်ပေါ်ကို  ပြန်တက်သွားသည်။

အငယ်ဆုံးလေး လွမ်းကတော့ သူတို့ စကားပြောတာကို နားထောင်ရင်း ကြက်သားကင် ထိုင်စားနေ၏။

"အစ်ကိုက မနက် အလုပ်ပြန်ဝင်ရဦးမှာမို့ ဒီလောက်ပဲ သောက်တော့မယ်...အားလုံးပဲ ကောင်းသောညပါ"

"ကောင်းကောင်း အနားယူပါဗျ"

ည ၈နာရီခွဲ၌ ကိုနိုင်ယံလည်း အိမ်ထဲဝင်သွားတော့ မီးပုံနားမှာ Johnတို့ သူငယ်ချင်း လေးယောက်ရယ် လွမ်းတို့ညီအစ်ကိုနှင့်Lucky ပဲ ကျန်၏။

Lovey DoveyWhere stories live. Discover now