65

160 19 6
                                    

Uni

"ဟင် ကိုကို"

ရင်းနှီးသောမျက်နှာနှင့် လူတစ်ယောက်အား သူမနှင့်မျက်နှာချင်းဆိုင် စားပွဲတွင် ထိုင်နေသည်ကို မီးတွေပြန်ဖွင့်ဖွင့်ခြင်း တွေ့လိုက်ရသည်။

ထိုလူကလည်း သူမကိုတွေ့တော့ အံ့သြမှင်သက်နေသော အကြည့်များဖြင့်ကြည့်နေလေသည်။

ဘေးနားက မောင့် ကိုကြည့်လိုက်တော့ မောင်ဟာ စင်မြင့်ထက်ကိုသာ ကြည့်နေပြီး သူမတို့ရှေ့ကလူကို ဂရုပြု​နေသည့်ပုံမပေါ်။

ထိုစဥ် စင်​မြင့်ထက်တွင်လျှောက်လှမ်းလာသော သူတစ်ဦးဟာလည်း အဖြူရောင်သတို့သမီးလေးကို ချီမလျက်။

ထိုအမျိုးသမီးဟာ ချယ်ယောင်း နှင့်အတူတွဲတွေ့ခဲ့သော အမျိုးသမီး။

မယုံကြည်နိုင်လောက်အောင် ဘာတွေဘယ်လိုဖြစ်ပျက်သွားလဲ သူမ နားမလည်နိုင်တော့။

မင်္ဂလာပွဲတစ်လျှောက်လုံး ထိုလူဟာ သူမကိုပဲစိုက်ကြည့်နေပြီး သူမ ကလည်း ထိုလူ့ထံမှမကြည့်မခွာနိုင်။

"ကိုကို ဘာတွေကိုကြည့်နေတာလဲဟင်"

မင်္ဂလာပွဲတစ်လျောက်လုံး တစ်နေရာရာကိုသာ ဦးတည်ကြည့်နေသော ကိုကိုကြောင့် ဆူဂျင်း ထိုနေရာကိုကြည့်လိုက်တော့ ဂျင်းနီကင်။

သူက ဘယ်လိုကဘယ်လို။

ဘေးကမိဘတွေကို ကြည့်လိုက်တော့ သူတို့က ဂျင်းနီကို မမြင်ကြသေး။

"သူမ ကဘယ်သူလဲ"

ကိုကို့ရဲ့အသံဟာ တိုးညှင်းလှသော်လည်း ဆူဂျင်း ရဲ့ ရင်အစုံကိုတော့ နာကျင်စေလေသည်။

ဆုံးရှုံးရမှာ.....ဟင့်အင်း သူမ ကိုကို့ကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ဘူး။

"ဘယ်သူလဲဟင် ကိုကို"

"ဟို...."

"အာ...သူက ဂျင်းနီကင် လေ ၊ ဘေးက သူ့သက်ဆိုင်သူ ၊ သွားမထိနဲ့နော် ကိုကို ဟိုကသူ့ဟာလေးထိရင် မီးပွင့်ပဲ"

"ဂျင်းနီကင် တဲ့လား"

"ကြည့်စမ်း ဆူဂျင်း ဘေးမှာ ရှိနေရက်နဲ ကိုကိုက သူများအပိုင်ကိုစိတ်ဝင်စားနေတယ် ၊ စိတ်ကောက်လိုက်မှာနော် ကိုကို"

You've reached the end of published parts.

⏰ Last updated: May 04 ⏰

Add this story to your Library to get notified about new parts!

SHEWhere stories live. Discover now