7

360 53 0
                                    

Zawgyi

ဒီ​နေ့တွင်​​တော့ လီဆာ က သူမ ကို ​ဆေးအိတ်​က​လေး​ပေးလာသည်​မှ လွဲ၍ ကျန်​သည့်​အရာအားလုံးက ပုံမှန်​​နေ့​တွေ အတိုင်းပဲ လည်​ပတ်​​နေ​လေ​သည်​။
သို့​သော်​လည်း မတူညီသည့်​အရာတစ်​ခုက သူမ တို့​ကျောင်းဆင်းချိန်​တွင်​ဖြစ်​ပွားသွား​လေသည်​။
ထိုအခြင်းအရာက​တော့ လီဆာ မူးလဲသွားခြင်းပင်​။

ဂျင်းနီ ​တစ်​​ယောက်ေ​ကျာင်း​ဆေးခန်း ထဲရှိ ကုတင်​​ပေါ်တွင်​ အိပ်​​ပျော်​​နေ​သော လီဆာ ကို ကြည့်​ကာ ​စိတ်​မ​ကောင်းသလိုလို ​ဒေါသထွက်​သလိုလို ဖြစ်​​နေ​လေသည်​။
ချယ်​​ယောင်း နဲ့ ဂျီဆူ က​တော့ လီဆာ့ ရဲ့ အိမ်​ကို ဆက်​သွယ်​အ​ကြောင်းကြားရန်​အတွက်​ တီချယ့်​ ​နောက်​သို့ လိုက်​သွား​လေကြသည်​။

ဂျင်းနီ လီဆာ့ ကိုကြည့်​ရင်းကြည့်​ရင်းဖြင့်​ သူမ လက်​က​လေး​တွေက သူမ ကိုယ်​တိုင်​ပင်​ မသိလိုက်​ဘဲ လီဆာ့ ရဲ့ နဖူး​လေး​​ပေါ်​သို့ ​ရောက်​ရှိသွား​လေ​​တော့သည်​။

"ညတုန်းက မိုးမိသွားလို့များလား?"

ဂျင်းနီ တီးတိုး​ရေရွတ်​လိုက်​ပြီး​နောက်​ လီဆာ့ နဖူးထက်​မှ သူမ လက်​က​လေးကို ပြန်​ရုတ်​ရန်​ပြင်​လိုက်​​တော့ ဘယ်​အချိန်​ကတည်းက နိုး​နေသည်​ မသိ​သော လီဆာ က သူမ ၏ လက်​အား ဖမ်းဆုပ်​လိုက်​​လေသည်​။

"အာ...ဟို...."

ဂျင်းနီ ရုတ်​တရက်​ ရှက်​သွားသလို ခံစားရသွားသည်​မို့ ဘာ​ပြောရမှန်း မသိ​တော့​ချေ။
ထိုစဉ်​ အခန်းထဲသို့ တစ်​​ယောက်​​ယောက်​၀င်​လာ​ရောက်​လာ​လေသည်​။

"ဂျင်းနီ!!!"

ကျောင်းသူသစ်​ ​ဆူဂျင်း ထံမှ သူမ နာမည်​ ကို ​အော်​​ခေါ်သံကြားလိုက်​ရသည်​နှင့်​ ချက်​ချင်းပင်​ လီဆာ့ လက်​ထဲ မှ သူမ လက်​အားလွတ်​​အောင်​ ရုန်းလိုက်​ကာ လီဆာ့ ​ဘေးတွင်​ ထိုင်​​နေရာမှ အမြန်​မတ်​တပ်​ရပ်​လိုက်​​လေသည်​။

"​ဘာကိစ္စ ရှိလို့လဲ မသိဘူး....?"

"နင်​ ​ဆေးခန်း​ရောက်​​နေတယ်​ ဆိုလို့ ငါအမြန်​ပြန်​​ပြေးလာတာ.....နင်​ အဆင်​​ပြေရဲ့လား!"

SHEWhere stories live. Discover now