44

377 55 6
                                    

Zawgyi

ဤသို့ဖြင့်​ သူမ တို့တစ်​စု ​လျှောက်​လည်​လို့ ၀,ကာ ထိုပန်းခြံထဲမှ ပြန်​သွားကြ​ပြီး​နောက်​ တစ်​​ယောက်​နဲ့ နှုတ်​ဆက်​ကာ မိမိ အိမ်​ ကို မိမိ အိမ်​ပြန်​သွားကြ​လေသည်​။

လီဆာ က​တော့ ဂျင်းနီ တို့နှင့်​ ပြန်​မလိုက်​ခဲ့​သေးဘဲ တစ်​​နေရာရာ ကို ထွက်​သွား​လေသည်​။

ည 11 ထိုးသည်​အထိ လီဆာ က သူမ တို့ တိုက်​ခန်း​လေးထဲကို ပြန်​မလာ​သေးသဖြင့်​ ဂျင်းနီ တစ်​​ယောက့ လီဆာ့ အား စိတ်​ပူ​နေ​လေသည်​။

ဖုန်းလှမ်းဆက်​ချင်​​ပေမယ့်​လည်း ​နေ့ခင်းတုန်းက ကိစ္စ​ကြောင့်​ ချီတုံချတုံဖြစ်​​နေ​လေသည်​။

...........

ကျောင်းဖွင့်​သည့်​ ရက်​ ​ရောက်​သည့်​တိုင်​ လီဆာ က​တော့ တိုက်​ခန်းကို ပြန်​လာခြင်း မရှိသဖြင့်​ ဂျင်းနီ တစ်​ယောက် ​​လီဆာ က သူမ ကို စိတ်​ဆိုးသွားပြီ ဟု ထင်​သွား​လေ​တော့သည်​။

ဂျင်းနီ ​ကျောင်းကို​ရောက်​​တော့ ပထမဆုံးလိုက်​ရှာ​နေသည်​က လီဆာ့ ကိုပင်​။

"ဟဲ့ နီနီ ​ရှေ့ကြည့်​​လျှောက်​​လေ ဘယ်​​တွေ ​လျှောက်​ကြည့်​​နေတာလဲ....!"

သူမ လီဆာ့ ကို အရှာလွန်း​နေ၍ ​ဘေးက ချယ်​​ယောင်း ကပင်​ သူမ ကို သတိ​ပေး​နေရ​လေသည်​။

သို့​သော်​လည်း ဂျင်းနီ လီဆာ့ ကို တစ်​​နေ့လုံး ဘယ်​မှာမှ ရှာမ​တွေ့​ချေ။

ဂျီဆူ့ ကို မသိမသာ​လေး ​မေးကြည့်​လိုက်​​သော်​လည်း ​ရေရာ​သေချာ​သော သတင်းတစ်​ခုမှ ရှာမ​တွေ့ခဲ့​ချေ။

ဒီလိုနဲ့ ​ကျောင်းဖွင့်​ရက်​ ရဲ့ ​နောက်​ဆုံး​နေ့ရက်​ကို ​ရောက်​လာခဲ့​လေသည်​။
လီဆာ က​တော့ တိုက်​ခန်း ကိုလည်းပြန်​မလာခဲ့သလို ​ကျောင်းမှာလည်း အရိပ်​အ​ယောင်​ပင်​ မ​တွေ့ရ​ချေ။

"​ဟေး.....နီနီ....!!"

ဂျင်းနီ,သူမ ရဲ့ နာမည်​ကို ​ခေါ်သံကြားလိုက်​သဖြင့်​ ​နောက်​ကို လှည့်​ကြည့်​လိုက်​​တော့ အ​တော်​အတန်​​ပျောက်​​နေခဲ့သည့်​ ဆူဂျင်း ပင်​။

SHEWhere stories live. Discover now