6

358 55 0
                                    

SHE - 6

နောက်​တစ်​​နေ့ နံနက်​တွင်​​တော့ ဂျင်းနီ တစ်​​ယောက်​ သူမ ရဲ့ အကြံအစည်​​တွေနှင့်​အတူ ​ပျော်​ရွှင်​စွာနိုးထလာခဲ့​လေသည်​။

ထို့​နောက်​ ဒူး တွင်​ အနာရထားသည်​မို့ ​ခြေအိတ်​ရှည်​၀တ်​မ​နေ​တော့ဘဲ ​ကျောင်းဝတ်​စုံ​ပေါ်တွင်​ လက်​ရှည်​ခပ်​ပါးပါး​လေးဝတ်​ကာ ​ကျောင်းသို့သွားရန်​ အိမ်​​ရှေ့သို့ ထွက်​လိုက်​ကာ ​ကျန်​သုံး​ယောက်​ကို​စောင့်​​နေလိုက်​​လေသည်​။

ခေါင်း​လျှော်​ထားသဖြင့်​ shampoo နံ့သင်းသင်း​လေးက သူမ နားတွင်​ ရစ်​၀ဲ ​နေ​သော်​လည်း ထို​ခေါင်း​လျှော်​ရည်​အနံ့ကို သူမ သိပ်​ပြီးစိတ်​တိုင်းမကျ​ပေ။

ထိုစဉ်​ လီဆာ က သူမ ၏ အိမ်​ထဲမှ စက်​ဘီး တွန်းကာ ထွက်​လာ​သည်​ကို ဂျင်းနီ ​တွေ့လိုက်​​လေသည်​။
သို့​သော်​ လီဆာ က သူမ ကိုလည်ြး​မင်​​တော့ ချက်​ချင်းပင်​ တစ်​ဖက်​သို့ အကြည့်​​ပြောင်းသွားသဖြင့်​ စိတ်​ထဲတွင်​ တနုံ့နုံ့ဖြစ်​​သွားလေသည်​။
ထို့​ကြောင့်​ ဂျင်းနီ လီဆာ့ ထံသို့ ​လျှောက်​သွားလိုက်​ကာ အလှဆုံးပြုံးပြလိုက်​ပြီး​နောက်​ သူမ ရဲ့ အကြံအစည်​ကို အ​ကောင်​အထည်​​ဖော်​ရန်​ အတွက်​ ပြင်​ဆင်​​နေစဉ်​ လီဆာ့ ထံ မှ ကြားလိုက်​ရ​သော စကား​ကြောင့်​ သူမ ရဲ့ အကြံအစည်​​တွေမှာ ကြက်​​ပျောက်​ငှက်​​ပျောက်​ဖြစ်​သွား​လေသည်​။

"​ခြေ​ထောက်​က သက်​သာသွားပြီလား?"

"ဟမ်​?"

လီဆာ့ ကို လက်​စား​ချေချင်​​ဇောဖြင့်​ ​ခြေ​ထောက်​​ခေါက်​​နေသည်​ကိုပင်​ ​သူမ ​မေ့သွား​လေသည်​။

'ဘာလား....ငါ့ ကို စိတ်​ပူ​ပေး​နေတာလား........တစ်​မိုး​အောက်​က လီဆာ က​လေ´

ဂျင်းနီ လီဆာ့ အ​မေး ကိုပြန်​မ​ဖြေ​သေးဘဲ သူမ ကို အဲလို​မေးရသည့်​အ​ကြောင်းအရင်းကို သိချင်​သဖြင့်​ လီဆာ့ ကို အကဲခတ်​​နေစဉ်

"စိတ်​ပူလွန်းလို့​တော့ မဟုတ်​ပါဘူး ငါ့ ​ကြောင့်​ လူတစ်​​ယောက်​ ​ခြေ​ထောက်​ဖြတ်​ပစ်​ လိုက်​ရတယ်​ ဆိုပြီး သတင်းမထွက်​ချင်​လို့ ​မေးကြည့်​တာ......"

SHEWhere stories live. Discover now