64

292 25 5
                                    

Uni

"မရဘူး အခုချက်ချင်းစုံစမ်းပေး....သေသေရှင်ရှင်.....မဟုတ်ဘူး ရှင်ကိုရှင်ရမယ်....သူက ငါ့လက်ထဲမှာသေရမှာ"

ချောင်ကျသွားသော မျက်နှာဖောင်းဖောင်းကလေးပေါ်မှာ စီးဆင်းနေသော မျက်ရည်များဟာ ထွက်ပေါ်လာသောစကားလုံးများနှင့်ဆန့်ကျင်စွာ။

သူ့ကိုသေလောက်အောင်မုန်းသော်လည်း တကယ်သေသွားပြီဆိုသည့်အသိကိုတော့ ချယ်ယောင်း လက်မခံချင်ပေ။

ဒါဟာ ချစ်နေသေးတာလားဆိုတော့ မဟုတ်လောက်။

ဒီတိုင်း ဒီတိုင်း သူသေတာကို ကြည့်ချင်တာ။

ဟုတ်တယ် သူအရမ်းခံစားပြီးသေတာကို တစိမ့်စိမ့်ထိုင်ကြည့်ချင်တာ။

...........

"ဟန်နီ......ဒါလင် ဘာဝယ်ခဲ့လဲ သိလား"

"......"

"ဟန်နီ့အတွက် လှတာလေးရွေးခဲ့တယ်.....ဒါလင်တို့ မင်္ဂလာဆောင်မှာ ဝတ်ဖို့လေ....ဟန်နီ ကြိုက်ရဲ့လား"

မင်္ဂလာဆောင် ဟူသော အသုံးအနှုန်းဟာ သူမ အတွက် ထူးဆန်းနေသော်လည်း သူမ မှာ မည်သည့်ငြင်းဆိုမှုမှ မရခဲ့။

"နောက်နှစ်နာရီလောက် ကျရင် အဆင်သင့်ဖြစ်အောင်ပြင်ပေးထားပါ.....ကျုပ် စိတ်ချမယ်"

အရှိန်အဝါတစ်ခုရှိနေသော ထိုလူ၏စကားသံအောက် မိန်းမငယ်လေးမှာ ခေါင်းအလိုလိုငြိမ့်နေမိသား။

သူမ ပြင်ဆင်ပေးရသော ထိုအမျိုးသမီးလေးမှာ သိပ်ကိုလှလွန်းလေသည်။

တော်ဝင်အလှကို ပိုင်ဆိုင်ထားသော ထိုအမျိုးသမီးလေးမှာ အဖြူရောင်ဝတ်စုံနှင့် လိုက်ဖက်စွာ။

သို့သော်ထိုနတ်ဘုရားမ ကလေးမှာ အရှိန်ဝါတစ်ခုပျောက်ဆုံးနေလေသည်။

ပျော်ရွှင်ခြင်း?

မျက်နှာသေနှင့် ဘာစိတ်ခံစားမှုမှရှိမနေသော ထိုအမျိုးသမီးလေးဟာ စောနက လူကြီးနှင့် မတူညီစွာ။

အတင်းအဓမ္မသိမ်းပိုက်ထားသည်လား မသိသော်ငြားလည်း ထိုအမျိုးသမီးလေးရဲ့ အပြုအမူပုံအရ ထိုသို့လည်း မဖြစ်တန်ရာ။

SHEWhere stories live. Discover now