8

362 56 3
                                    

Zawgyi

နောက်​​တစ်ေ​န့​ကျောင်းသွား​တော့ လီဆာ သိပ်​​နေမ​ကောင်း​သေးသည်​မို့ မာတာမိခင်​ က သူမ အား စက်​ဘီးနင်းခိုင်း​လေသည်​။

"တက်​!"

ဂျင်းနီ လီဆာ ကို စိတ်​မပါ့တပါ ​ပြောလိုက်​ကာ လီဆာ စက်​ဘီး​ပေါ်တက်​သည်​ နှင့်​ သူမ လည်း စတင်​ထွက်​ခွာ​လိုက်​​လေသည်​။

လီဆာ့ ကိုယ်​မှာ သူမ ထင်​သ​လောက်​​လေး,မ​နေ​သော​ကြောင့်​ ​​အေး​အေး​လူလူပင်​ စက်​ဘီးစီး​နေလိုက်​​လေသည်​။
သို့​သော်​ စက်​ဘီးက​လေးမှာ ​လေးငါးပတ်​​လောက်​ပဲ​​ရွေ့ရ​သေး​သော်​လည်း ဂျင်းနီ ၏ ကိုယ်​​လေး ​မှာ​တော့ အ​ကြောင်း​အရင်းတစ်ခု​ကြောင့်​ ​တောင့်​တင်းသွား​လေ​တော့သည်​။

ထိုအ​ကြောင်းအရင်းမှာ စက်​ဘီး​နောက်​ခုံတွင်​ ထိုင်​​နေ​သော လီဆာ က ဂျင်းနီ ၏ ခါးကို သူ့ရဲ့
သွယ်​လျ​သော လက်​တစ်​ဖက်​ဖြင့်​ ခွင့်​​တောင်းခြင်း အလျင်း မရှိဘဲ လာ​ရောက်,ဖက်​ လာခြင်းပင်​။

ဂျင်းနီ သူမ ရဲ့ ခါးက လက်​က​လေးကို အကြည့်​​ရောက်​သွား​တော့ လီဆာ့ရဲ့လက်​ဖမိုး​ပေါ်က ​ဆေးပလာစတာ​လေးကိုမြင်​လိုက်ရ​သည်​မို့ ဘာမှ ​ပြောမ​နေ​တော့ဘဲ သူမ ခါး ​​ပေါ်က လက်​ကိစ္စကို ​ခဏ ​မေ့ထားလိုက်​ကာ သူမ ရဲ့ စိတ်​​အာရုံအကုန်​လုံး အား စက်​ဘီးစီးခြင်းလုပ်​ငန်းအ​ပေါ်ကိုသာ ပုံချထားလိုက်​​လေ​တော့သည်​။

ချယ်​​ယောင်း က​တော့ ထိုလက်​ကိစ္စကို ဂျင်းနီ က ဘာမှ မ​ပြောဘဲ ငြိမ်​​နေ​သည်​မို့ အံ့သြသွားကာ စက်​ဘီးစီး​နေရင်း ပါးစပ်​အ​ဟောင်းသားဖြစ်​​နေ​လေသည်​။

ထိုကဲ့သို့ ယင်​ ၀င်​,ဥ မတတ်​ ပါးစပ်​အ​ဟောင်းသားဖြစ်​​နေ​သော ချယ်​​ယောင်း ရဲ့ ပါးစပ်​ထဲသို့ သူမ ရဲ့ ​ဘေးကယှဉ်​ပြီးစီးနင်း​နေ​သော ဂျီဆူ က အသားညှပ်​​ပေါင်​မုန့်​တစ်​ခု ကို ထိုးထည့်​​ပေးလာ​လေသည်​။

ချယ်​​ယောင်း သူမ ပါးစပ်​ထဲသို့ ​ပေါင်​မုန့်​ လာထည့်​​ပေး​သော ဂျီဆူ့ ကိုကြည့်​လိုက်​ပြီး​နောက်​ သူမ ပါးစပ်​ထဲက မုန့်​ ကို လက်​တစ်​ဖက်​လွှတ်​၍ ထုတ်​ယူလိုက်​​လေသည်​။

SHEWhere stories live. Discover now