5

378 56 0
                                    

Zawgyi

သူမ တို့ အိမ်​​ရှေ့ကို ​ရောက်​ခါနီး​တော့ ဂျင်းနီ က လီဆာ စက်​ဘီးရပ်​သည်​ အထိမ​စောင့်​ဘဲ စက်​ဘီး​ပေါ်က ခုန်​ဆင်းလိုက်​သဖြင့်​ ​ခြေ​ထောက်​​ခေါက်​ပြီး လဲကျသွား​လေ​တော့သည်​။

ထိုအဖြစ်​အပျက်​​ကြောင့်​ လီဆာ စက်​ဘီး ကို အရှိန်​သတ်​လိုက်​ပြီး​နောက်​ သူမ ​နောက်​တွင်​ လဲကျ​နေ​သော ​ကောင်​မ​လေးကို စက်​ဘီး​ပေါ်မှ ကြည့်​လိုက်​​လေသည်​။

ထို့​နောက်​ လဲကျ​နေ​သော ​ကောင်​မ​လေး ကို သွားထူရန်​အတွက်​ စက်​ဘီး ​ပေါ်မှ ဆင်းလိုက်​ပြီး ​ဒေါက်​​ထောက်​​လိုက်​ကာ ထို​ကောင်​မ​​လေးကို လက်​ကမ်း​ပေးလိုက်​​သော်​လည်း သူမ ကမ်း​ပေးလိုက်​​သော လက်​ အား မျက်​​မှောင်​ကျုံ့ကာ ကြည့်​​နေ​သော သူမ​လေး ​ကြောင့်​ သူမ ရဲ့ အိမ်​ဘက်​ကို ​မေးဆတ်​ပြလိုက်​​တော့ ချက်​ချင်းပင်​ သူမ လက်​ကို ဆွဲလာ​လေသည်​။

ဂျင်းနီ က သူမ လက်​ကို ဆွဲလာ​သည်​ဟုဆို​သော်​လည်း
သာသာယာယာ မဆွဲဘဲ အားဖြင့်​ ဆွဲလာသည်​မို့ လီဆာ ယိုင်​ မသွား​စေရန်​ သူမ ကိုယ်​ သူမ ထိန်း​နေရ​လေသည်​။

လီဆာ ဂျင်းနီ ကို ထူလိုက်​ပြီး​နောက်​တွင်​​တော့ လမ်းတစ်ဖ​က်​ရှိ ချယ်​​ယောင်း တို့က ဂျင်းနီ ဆီသို့ ​ရောက်​လာကြ​လေသည်​။

"နီနီ အဆင်​​ပြေလား...!"

"အင်း....ဒါ​ပေမယ့်​...​ခြေ​ထောက်​​တော့ ​ခေါက်​သွားတယ်​ထင်​တယ်​ဟ"

ချယ်​​ယောင်း အ​မေး ကို ပြန်​​ဖြေရင်း သူမ ​ခြေ​ထောက်​ကို ကြည့်​လိုက်​​လေသည်​။
ထို့​နောက်​ ချယ်​​ယောင်း နဲ့ လီဆာ က ဂျင်းနီ ကို တွဲ ကာ ဂျင်းနီ အား သူမ ၏ အိမ်​သို့ လိုက်​ပို့​ပေးလိုက်​ကြ​လေသည်​။
ဂျီဆူ က​တော့ ဂျင်းနီ ရဲ့ ​ကျောပိုးအိတ်​ ကို ကိုင်​ကာ သူမ တို့ သုံး​ယောက်​ ​နောက်​မှ တိတ်​တိတ်​ဆိတ်​ဆိတ်​ လိုက်​သွားလိုက်​လေသည်​။

ဂျင်းနီ အိမ်​​ရှေ့​ရောက်​​တော့ ဂျင်းနီ ရဲ့ ​မေ​မေ က

"​ဒေါ်နီနီ ဒါ ဘယ်​လိုဖြစ်​တာလဲ!"

SHETempat cerita menjadi hidup. Temukan sekarang