48

336 36 9
                                    


Zawgyi

သူမ တို့ရဲ့ မင်္ဂလာကိစ္စအား လူကြီး​တွေကို ​ပြောပြလိုက်​​တော့ သူတို့​တွေ ​တော်​​တော်​​ပျော်​​နေကြ​လေရဲ့.....

နောက်​ပြီး မင်္ဂ​လာ​ဆောင်​ကိုလည်း ​နောက်​သုံးလ​နေရင်​ ကျင်းပ​ပေးမယ်​တဲ့​လေ....ဘယ်​​လောက်​​တောင်​ ​လောလိုက်​ကြသလဲ.....

မင်္ဂလာပွဲ​ကြောင့်​ ကိုကို နဲ့ အန်​တီ တို့ ​ပျော်​​နေကြတာကိုကြည့်​ပြီး သူမ ရဲ့ မိဘ​တွေကို သတိရသွား​လေသည်​။

သူမ ရဲ့ မိဘ​တွေသာ ရှိမယ်​ဆိုရင်​ သူတို့လည်း သူမ ရဲ့ မင်္ဂလာပွဲအတွက်​ ​ပျော်​​နေကြမယ်​မလား....
ကိုကို့ လို လူ​ကောင်း​လေးကို သမက်​​တော်​ရ​တော့မှာမလို့​လေ.....

"ကိုကို bae တို့ မင်္ဂလာ​ဆောင်​ပြီးရင်​ ဟိုကိုပြန်​ရ​အောင်​​နော်​"

သူမ ရဲ့ စကားအဆုံးတွင်​ ကိုကို့ ရဲ့ ​ပျော်​ရွှင်​​နေ​သော မျက်​နှာက​လေးမှာ ယိုယွင်းသွားသည်​ကို သူမ သတိထားမိလိုက်​​လေသည်​။

အမိနိုင်​ငံကို ပြန်​ဖို့ ​ပြောဆိုလိုက်​ရင်​ ကိုကို ရဲ့ စိတ်​​တွေ ဘာ​ကြောင့်​ ထိုင်းမှိုင်းသွားတတ်​သည်​ကို သူမ လုံးဝ နားမလည်​နိုင်​​ပေ။

အမိနိုင်​ငံပြန်​​ရောက်​ရင်​ သူမ ရဲ့ မှတ်​ဥာဏ်​​တွေလည်း ပြန်​ရနိုင်​တာပဲမလား.....

နောက်​ပြီး ကိုကို ​ပြောပြတတ်​တဲ့ တစ်​ဖက်​သတ်​ဆန်​​တဲ့ သူမတို့နှစ်​​ယောက်​ရဲ့ ချစ်​ခြင်း​တွေကိုလည်း သူမ အစစ်​အမှန်​လို ခံစားနိုင်​ရ​တော့မှာပဲကို....

"အင်း....ကိုယ်​ တို့ သွားကြတာ​ပေါ့...."

မ​မျှော်​လင့်​စွာထွက်​​ပေါ်လာ​သော စကားလုံးတို့​ကြောင့်​ သူမ အလွန်​အံ့အားသင့်​သွား​လေသည်​။

"အင်း!!!....အဲ​ရောက်​ရင်​​လေ ​ဂေဟာကို လည်း သွားကြည့်​ချင်​​သေးတယ်​....​ပြောရမလား....bae မှတ်​ဥာဏ်​​တွေ ပြန်​ရရင်​ရ​နေမှာ.....​နောက်​ပြီး​လေ......ကိုကို နဲ့ bae ​တွေ့ခဲ့တဲ့ ​ကျောင်းကိုလည်း သွားကြည့်​ချင်​တယ်​....​နောက်​ပြီး​လေ....."

SHEDonde viven las historias. Descúbrelo ahora