4

373 56 0
                                    

Zawgyi

နောက်​​တစ်ေ​န့ မနက်​​ရောက်​​တော့ ဂျင်းနီ ရယ်​ ဂျီဆူ ရယ်​ ချယ်​​ယောင်း ရယ်​ ထိုသုံး​ယောက်​ ပဲ ​ကျောင်းကို အတူတူ သွားလိုက်​ကြ​လေသည်​။
အ​ကြောင်းမှာ လီဆာ က​ 'ကိစ္စရှိသည်​´ ဟု ဂျီဆူ့ ကိုမှာခဲ့ကာ ​ကျောင်းကို အ​စောကြီးနှင့်​သွား​သော​ကြောင့်​ပင်​။

...........

ကျောင်း သို့ သွားသည့်​ လမ်းတစ်​​လျောက်​တွင်​ ဂျင်းနီ မျက်​နှာကြီး မဲ​နေကာ လမ်း​လျှောက်​​နေသည့်​ ပုံမှာလည်း အသက်​မပါသည့်​ လူတစ်​​ယောက်​နှယ်​။
အခန်း​ရှေ့​ရောက်​​​​သော်လည်း​​ ဂျင်းနီ တစ်​​ယောက်​ တစ်​ခုခုကို တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်​​နေပုံရပြီး ​နောက်​ဆုံးတွင်​​တော့ အခန်းထဲ ကို ရဲရဲဝံ့ဝံ့ ၀င်​သွားလိုက်​​လေသည်​။
သို့​သော်​ သူမ ​လျှောက်​သွား​​သော ​နေရာမှာ သူမ ရဲ့ ထိုင်​ခုံဆီသို့ မဟုတ်​ဘဲ ဂျီဆူ့ ခုံရဲ့ ကပ်​လျက်​တွင်​ရှိ​နေ​သော လီဆာ့ ထိုင်​ခုံဆီ သို့ပင်​။

ထို့​နောက်​ ဂျင်းနီ တစ်​​ယောက်​ ကြက်​သီးထစရာ​ကောင်း​လောက်​​သော အပြုံးတစ်​ခု ကို မျက်​နှာ​ပေါ်တွင်​ ချိတ်​ဆွဲလိုက်​ကာ

"တီတီ က နင်​ ထမင်းဗူး ကျန်​ခဲ့လို့ ​ပေးခိုင်းလိုက်​တယ်​"

ဟု ဆိုကာ ထမင်းဗူး ကို လီဆာ့ ခုံ​ပေါ်တွင်​ ခပ်မြန်မြန် ​​​ချလိုက်​ပြီး သူမ ထိုင်​ခုံရှိရာသို့ တည့်​တည့်​မတ်​မတ်​ သွားလိုက်ကာ ထိုင်​​နေလိုက်​​သည်​။

ဂျင်းနီ ရဲ့ အပြုအမူ​တွေ က ​​တော်​​တော်​ထူးဆန်း လွန်း​နေသည်​မို့ ချယ်​​ယောင်း တစ်​​ယောက်​ ဂျင်းနီ ရဲ့ ထိုကဲ့သို့​သော အပြုအမူအ​ကြောင်းကို မ​မေးဘဲ မ​နေနိုင်​​တော့​ချေ။

"နီနီ နင်​ ဘယ်​သူ့ ကို စကား​ပြော​နေတာလဲ? ဟိုထိုင်​ခုံမှာ လူလည်း မရှိဘဲနဲ့..."

ချယ်​​ယောင်း ရဲ့ စကား​ကြောင့်​ ကိစ္စအ၀၀ ကို ရှင်းပြရန်​အလို့ငှါ ​​စောနက လူမရှိ​သောခုံ​တွင်​ ပြုံးပြခဲ့​သော လှပစွာ​သောအပြုံး​လေးနှင့်​ တစ်​ပုံစံတည်းတူညီ​သော အပြုံးတစ်​ခုကို သူမ ရဲ့ မျက်​နှာ​ပေါ်တွင်​ ထပ်​မံချိတ်​ဆွဲလိုက်​ကာ

SHEWhere stories live. Discover now