61

197 21 0
                                    

Uni

"ခွမ်း!!!"

အိမ်အပေါ်ထပ်မှ အဆက်မပြတ်ထွက်ပေါ်လာသော အသံကြောင့် အိုအွန်ဝူး တစ်ယောက် သက်ပြင်းချမိလေသည်။

"ကိုိကို ဘာလို့ ဆူဂျင်းကို သိပ်စိမ်းကားနေတာလဲဟင်"

"ထွက်သွား!!"

စိမ်းကားနေသော အကြည့် စိမ်းကားနေသော အသံကြောင့် ဆူဂျင်း မျက်ရည်ကျမိပါသည်။

တကယ်ဆို သူမ ကိုိကို့ကို ချစ်မိနေတာ တော်တော်ကြာပြီြဖစ်သည်။

ကိုိကို့က သူမ ကို မယားပါသမီးဆိုပြီး အမြင်သိပ်မကြည်ပေမယ့် သူမ ကတော့ ကိုကို့ကို စတေွ့ကတည်းကချစ်မိခဲ့တာပင်။

ဟိုးကလေးဘဝ သူမ ဆယ့်ငါးနှစ်ပြည့်မေွးနေ့မှာ တေွ့လိုက်ရတဲ့ ကိုကို့ကို သူမ စတင်ရင်ခုန်မိလေသည်။

မေမေက သမီးရဲ့ကိုကိုလို့ မိတ်ဆက်ပေးလာတော့ ရင်ခုန်သံတေွကို ကွယ်ဝှက်ကာ တိတ်တိတ်ကလေးချစ်မိခဲ့လေသည်။

ကိုိကို မှာ ချစ်ရတဲ့သူမရှိသရေွ့ သူမ အတွက်အဆင်ပြေလေသည်။

သို့သော် ကိုကိုသည် ကောင်မလေးတစ်ယောက်ကို ချစ်မိသွားသတဲ့လေ။

ထို့ကြောင့် သူမ ထိုကောင်မလေးကို သိချင်၍
ရူးမိုက်စွာလိုက်စံုစမ်းမိသည်။

မောင်နှမသက်တမ်းတစ်လျှောက် ကိုကိုက သူမတို့သားအမိကို လိုလားြခင်းလည်းမပြသလို မုန်းတီးခြင်းလည်းမပြခဲ့။

ဒီတိုင်း သူ့အတွက် လံုးဝမရှိတဲ့ ဖြစ်တည်မှုတစ်ခုလိုပဲ။

တစ်နေ့ တစ်နေ့မှာ ကိုကို က သူမ ကို စကားစလာပြောလေသည်။

ထိုကိစ္စမှာ ကောင်မလေးတစ်ယောက်အကြောင်းဆိုသော်လည်း သူမ ပျော်ပါသည်။

အပေးအယူမည်သော စကားတစ်ခွန်းကြောင့်သူမ ကိုကို့ရဲ့ ကိစ္စကို လက်သင့်ခံခဲ့လေသည်။

ကိစ္စမှာ ကိုကို နိုင်ငံြခား ခေတ္တခဏသွားနေတုန်း ထိုကောင်မလေးကို စောင့်ကြည့်ထားပေးဖို့ပင်။

အပေးအယူအနေြဖင့် ကိုကိုက သူမ ကို ညီမတစ်ယောက်အဖြစ်လက်သင့်ခံမည်တဲ့လေ။

SHEDonde viven las historias. Descúbrelo ahora