35

319 52 8
                                    

Zawgyi

Waiter ​လေး က သူမ မှာ,သမျှ ကို စာရင်းမှတ်​ကာ ပြန်​ထွက်​သွား​သော်​လည်း သူမ တို့ နှစ်​​ယောက်​ကြားတွင်​​တော့ တိတ်​ဆိတ်​မှုများသာ ကြီးစိုး​နေ​လေ​တော့သည်​။ဤသို့ဖြင့်​ မှာထား​သော စားစရာ​တွေ​ရောက်​လာ​တော့ ဂျင်းနီ ထိုစားစရာများ ကို တို့ထိတို့ထိ လုပ်​​နေရင်း သူမ ​ရှေ့ က လီဆာ့ ကို ခိုးခိုးကြည့်​​နေကာ 'ဘယ်​လိုစကားပြန်​စရရင်​ ​ကောင်းမလဲ´ ဟု စဉ်းစား​နေ​လေ​တော့သည်​။

သူမ ​ရှေ့က လီဆာ က​တော့ ​ကော်​ဖီ တစ်​ခွက်​ကို ဟန်​ပါပါ​သောက်​​နေကာ ဆိုင်​အပြင်​ဘက်​ ကိုပဲ ​ကြည့်​​နေသည်​မို့ ဂျင်းနီ တစ်​​ယောက်​ လီဆာ့ အား လွတ်​လွတ်​လပ်​လပ်​ ​ငေးချင်​တိုင်း ​ငေးလို့ရ​နေ​လေသည်​။

ထို့​နောက်​ စိတ်ထဲတွင်​ ဆူဂျင်း နဲ့ အ​ကြောင်း ကို ပြန်​​တွေးမိသွားဖြင့်​ ​ဒေါသ​တွေက လည်း ထွက်​လာသည်​မို့ ​စားပွဲ​ပေါ်က မှာ​ထား​သော ကိတ်​မုန့်​တစ်​ချို့ကို ​ဒေါသ​တွေပုံချလိုက်​​လေ​တော့သည်​။

ဂျင်းနီ ကိတ်​မုန့်​​လေး​တွေ ကို ခက်​ရင်းဖြင့်​ ထိုးသတ်​​နေတုန်း လီဆာ က သူမ ကို စကား ဆိုလာ​လေသည်​။

"ဘာကိစ္စနဲ့ ​တွေ့ချင်​တာလဲ....အ​ဆောင်​​ပြောင်းသွားတဲ့ ကိစ္စဆိုရင်​​တော့......"

"မဟုတ်​ဘူး ငါ သိချင်​တာက.......နင်​ ဘာလို့ အဲ​နေ့ က ငါ့ ကို အဲလိုစကားမျိုး လာ​ပြောတာလဲဆိုတာ..."

"နင်​ ပဲ မကြားသလို​နေလိုက်​​တော့မယ်​ဆို......."

"ဒါ​ပေမယ့်​.....ငါ အခုသိချင်​လာလို့​လေ.....နင်​ နဲ့ ဆူဂျင်း နဲ့ က...."

သူမ စကား​ပြော​နေရင်း လီဆာ ရဲ့ ဖုန်းဝင်​လာသဖြင့်​ ဂျင်းနီ စကားကို ခဏ ရပ်​ထားလိုက်​​လေ​တော့သည်​။

"အင်း....ဆူဂျင်း ​ပြော..."

".........."

"အင်း.....လာခဲ့မယ်​ ​လေ.....အင်း....အဲဆို ဒါပဲ​နော်​"

လီဆာ က ဆူဂျင်း ထံမှ ဖုန်း ကို လက်​ခံ စကား​ပြောပြီး​နောက်​ တွင်​ ဂျင်းနီ ကို ကြည့်​လိုက်​​တော့ သူမ ကို ပြုံးကာ ကြည့်​​နေသည်​မို့....

SHEWhere stories live. Discover now