56

241 19 1
                                    

Uni

"bae မျက်နှာလည်းမကောင်းပါလား...နေလို့မကောင်းလို့များလား?"

နူးညံ့သော နွေးထွေးသော စကားလုံးတို့ကြောင့် စိတ်အစုံဟာ အပြစ်ရှိသလိုခံစားသွားရလေသည်။

မင်္ဂလာပွဲအတွက် ဝတ်စုံလာကြည့်နေသည်ဖြစ်သော်လည်း စိတ်အစုံဟာ တစ်စုံတစ်ယောက်ထံမှာသာ။

"တစ်ခုခုဖြစ်နေလို့လားဟင်...ရုတ်တရက်ကြီး စီစဥ်လိုက်တာဆိုတော့ ဆူဂျင်းလည်း အံ့သြနေတာ နေရောကောင်းရဲ့လား..."

ကိုကို့ရဲ့ ညီမဖြစ်သူထံမှ ထွက်လာသော စကားသံဟာ ကိုကို့နှုတ်ဖျားမှထွက်လာသော စိတ်ပူသံတို့နှင့် ကွဲပြားလျက်။

"တစ်လလောက်ပဲ ရှေ့တိုးလိုက်တာ လောတယ်ခေါ်သလား..."

အိုဂျီဟွန်း ရဲ့ စကားလုံးတို့ဟာ တသတ်မတ်တည်းတည်ငြိမ်နေသယောင်ရှိသော်လည်း ထိုလူရဲ့ အကြည့်တွေကတော့ ထိုကဲ့သို့မဟုတ်မှန်း ဆူဂျင်း သိလေသည်။

အဲမိန်းမ ထိုမိန်းမဟာ သူ့ကို ဒုက္ခအမျိုးမျိုးပေးတာ။အရင်ကရော အခုရော...ရားးးး ဘာကိစ္စအခုထက်ထိ မသေသေးရတာလဲ။

တင်းမာနေသော လေထုကြောင့် အန်နာ စိတ်မသက်မသာဖြစ်သွားလေတော့သည်။

ဘာပဲဖြစ်ဖြစ် သူမကြောင့် မောင်နှမနှစ်ယောက် စိတ်ခုနေကြသည်မလား။

ကိုကိုဆိုလည်း ဆူဂျင်းဘက်ကို တစ်ချက်တောင်လှည့်မကြည့်သော်လည်း ဆူဂျင်းကတော့ မျက်နှာငယ်လေးနှင့် ကိုကို့ဘက်ကို ကြည့်နေရှာသည်လေ။

သူမ မဂင်္လာပွဲရက်ကို ရှေ့တိုးခဲ့ခြင်းသည် ကိုယ့်အကြောင်းနှင့်ကိုယ်။

တစ်လဆိုသည့်အချိန်က ဘယ်လောက်မှမကြာသော်လည်း ဒီကြားထဲတွင် တစ်ခုခုဖြစ်သွားနိုင်လေသည်။

မဟုတ်ဘူး တစ်ခုခုက ဖြစ်ကိုဖြစ်မှာ...ဒါကြောင့် သူမ ရဲ့ စိတ်ကို မြန်မြန်ချည်နှောင်ရမယ်။

စိတ်ကိုသာ မချည်နှောင်မိရင် ဖြစ်လာမည့်အကျိုးဆက်ဟာ တကယ်မတွေးရဲစရာ။

စိတ်ထဲရှိသမျှအရာရာကို ဖွင့်ပြောပြပေးပါလို့ ကိုကို က ​တောင်းဆိုထားသော်လည်း ဤအရာက ဖွင့်ပြောလို့ကောင်းသည့်အရာ မဟုတ်ဘူးမလား။

SHEWhere stories live. Discover now