57

312 30 1
                                    

Uni

ရောင်စံုနှင်းဆီပန်းများဖြင့် ပြည့်နှက်နေသော
အခမ်းအနားတစ်ခု။

အဖြူရောင်ဝတ်စံုလှလှလေးကို ဝတ်ဆင်ထားသော နတ်သမီးငယ်လေးတစ်ဦး။

ထိုနတ်သမီးလေးတမျှလှပလှသော မင်းသမီးလေးအား အပြံုးချိုချိုကလေးများဖြင့် ငေးကြည့်နေသူတစ်ဦး။

ထိုဖြစ်ရပ်ကလေးကို မျက်တောင်မခပ်တမ်းကြည့်နေသော မိန်းမပျိုလေးတစ်ဦး။

ထိုကြည့်နူးစရာကောင်းသောြမင်ကွင်းကလေးဟာ သူမ ကို အတိတ်တေွထံကို ခေါ်ဆောင်သွားလေသည်။

Lavender တေွပြည့်နှက်နေတဲ့ ခန်းမငယ်။

အဖြူရောင်ဂါဝန်ဝဲဝဲကလေးနှင့် လှချင်တိုင်းလှနေသော သတို့သမီးငယ်။

ထို့နောက် ေသွးများ........

ထိုြဖစ်ရပ်များဟာ သူမ ရဲ့ ြမင်ကွင်းထဲတွင် အစီအရီ။

"ဟိုလေ အဆင်ပြောရဲ့လားဟင်"

နူးညံ့လှသော အသံလေးအောက်တွင် အတိတ်အားလံုး ပျောက်ပျက်သွားလျက်။

"အင်း...အဆင်ပြေပါတယ် အန်နာ..ကျေးဇူးနော်"

"ရပါတယ်...ဒါနဲ့ သူက..."

အန်နာ ချယ်ယောင်းဘေးရှိ အမျိုးသမီးငယ်ကိုမေးလိုက်လေသည်။

ထို်အမျိုးသမီးသည် ချယ်ယောင်းကိုသာ ကလေးငယ်တစ်ယောက်သဖွယ်ကြည့်နေလေသည်။

"သူက....."

ချယ်ယောင်း ဖြေရခက်နေသည့်ပဲဆိုရင် ထိုလူသားဟာ...တစ်ခုခုတော့တစ်ခုခုပင်။

နောက် ချယ်ယောင်း မျက်ဝန်းထဲမှ အကြောက်တရားတစ်ချို့ဖြတ်ပြေးသွားသည်ကိုလည်း သတိပြုမိလိုက်လေသည်။

"ကိုယ်က ကလေးငယ်ရဲ့ ဆိုင်သူပါ"

ထို်အမျိုးသမီးရဲ့ စကားကို သိပ်ဘဝင်မတေွ့မိသော်လည်း တစ်စံုတစ်ယောက်သောလူကိုရှာနေမိလေသည်။

ဒီအချိန်မှာ ထိုတစ်စံုတစ်ယောက်သောလူက ချယ်ယောင်းကို ကာကွယ်ပေးရမယ်မလား။

"bae ကိုယ်တို့ မင်္ဂလာချိန်နီးနေပြီ"

ကိုိိကို ရဲ့သတိပေးသံကြောင့် ချယ်ယောင်းတို့ကို နှုတ်ဆက်ကာ ကိုကို့ ရဲ့ နောက်ကို လိုက်သွားလိုက်လေသည်။

SHEWhere stories live. Discover now