21

371 53 8
                                    

Zawgyi

ဂျီဆူ့ ရဲ့ အိပ်​ခန်းအတွင်း​တွင်​​တော့ လက်​နှစ်​ဖက်​ကို အ​ပေါ်သို့​မြှောက်​ထားပြီး ဒူး​ထောက်​​နေရ​သော လူတစ်​​ယောက်​ရှိ​နေ​လေသည်​။

"ဂျီဆူ ငါ...."

"နားငြီးတယ်​.....ဆက်​လုပ်​မှာလား အိမ်​ပြန်​မှာလား ကြိုက်​တာ​ရွေး!"

ချယ်​​ယောင်း ယခု စိတ်​နှင့်​ဆို ချက်​ချင်းပင်​ ထပြန်​ချင်​​သော်​လည်း ဂျီဆူ့ ရဲ့ စာကြည့်​စားပွဲ​ပေါ်တွင်​ရှိ​သော ကြက်​​ကြော်​ များ​ကြောင့်​ ထပြန်​ချင်​စိတ်​ကို ချိုးနှိမ်​လိုက်​ကာ ပါးစပ်​ပိတ်​ထားလိုက်​​လေ​တော့သည်​။
ဆယ့်​ငါးမိနစ်​​လောက်​ အပြစ်​​ပေးတာကို ခံရပြီး​နောက်​တွင်​​တော့ ချယ်​​ယောင်း စားချင်​​နေ​သော ကြက်​​ကြော်​ကို စားခွင့်​ ရသွားပြီ ဖြစ်​​လေသည်​။

...........

ဖြစ်​ပုံမှာ ချယ်​​ယောင်း က ဂျီဆူ့ ရဲ့ အိမ်​ကိုလာပြီး ကြက်​​ကြော်​တူတူမှာလိုက်​ကြ​လေသည်​။ကြက်​​ကြော်​ ​ရောက်​လာ​တော့ ချယ်​​ယောင်း ​ကြော်​ငြာ တစ်​ခုကို သတိရသွားသဖြင့်​ ကြက်​​ကြော်​တစ်​ခု ​ကောက်​ကိုင်​လိုက်​ကာ အနည်းငယ်​သရုပ်​​ဆောင်​လိုက်​​ခြင်း​ကြောင့်​ ဂျီဆူ ရဲ့ အမျက်​​ဒေါသက​လေး မဆိုသလို ရှသွားကာ ယခုကဲ့သို့ က​လေးတစ်​​ယောက်​သဖွယ်​ အပြစ်​​ပေးခံလိုက်​ရခြင်းဖြစ်​​လေသည်​။

သူမ လည်း အခုတစ်ေ​လာမှ ဂျီဆူ့ ကို ဘယ်​လို​ကြောက်​လို့​ကြောက်​သွားမှန်း စဉ်းစား၍မရ​နိုင်​​အောင်​ ပင်​ ဖြစ်​​နေ​လေသည်​။ဖြစ်​နိုင်​သည်​ က ဟိုအပင်​ ကိစ္စ​ကြောင့်​ များလား.....

ချယ်​​ယောင်း ကြက်​​ကြော်​ ဖြင့်​ ဗိုက်​ဖြည့်​ပြီး​နောက်​ သူမ ရဲ့ အိမ်​ကို တန်းတန်းမတ်​မတ်​ပြန်​သွား​လေသည်​။အိမ်​​ရောက်​သည်​နှင့်​ ​ရေခဲ​သေတ္တာ ကို ဖွင့်​ပြီး ice-cream တစ်​ခု ယူကာ ဧည့်​ခန်းတွင်​ ဇိမ်​​ပြေန​ပြေ ထိုင်​စား​နေလိုက်​​လေသည်​။

"ချယ်​​ယောင်း ​ရေ သမီး...​ခေါက်​ဆွဲပြုတ်​ထား​သေးလား!!"

မိခင်​ ရဲ့ အသံကြားမှ ​ပြုတ်​ထား​သော ​ခေါက်​ဆွဲ​တွေ ကို သတိရသွားပြီး ကြည့်​လက်​စ သရဲကား ကို pause လုပ်​လိုက်​ကာ မီးဖို​ချောင်​ထဲ ကို ​ပြေးသွားလိုက်​​လေ​တော့သည်​။

SHEWhere stories live. Discover now