26

372 52 0
                                    

Zawgyi

ဂျင်းနီ ညတုန်းက အ​တော်​​သောက်​ထားသည်​မို့ ​ခေါင်း​တွေလည်း​တော်​တော်​ထိုးကိုက်​​နေသဖြင့် ​နားထင်​အားလက်​က​လေးဖြင့်​ဖိကိုင်​လိုက်​ကာ အိပ်​​နေရာမှ လူးလွန့်​ကာထလာ​လေ​တော့သည်​။
ထို့​နောက်​ သူမ ရဲ့ ဖုန်းကိုလိုက်​ရှာလိုက်​ကာ အချိန်​ကိုကြည့်​လိုက်​​တော့ 10 နာရီ ​တောင်​ထိုး​နေပြီဖြစ်​သဖြင့်​ လန့်​သွား​လေ​တော့သည်​။
ထို့​ကြောင့်​ ကပျာကယာဖြင့်​ အိပ်​ရာ ထက်​မှ ​ပြေးဆင်းသွားကာ ​ရေးချိုးခန်းထဲသို့ဝင်​သွား​လေ​တော့သည်​။ရေချိုးခန်းမှ ထွက်​လာပြီး​နောက်​ အ၀တ်​အစားကို မြန်​မြန်​လဲကာ ပါးစပ်​ကလည်း 'ချယ်​​ယောင်းမ ငါ့ကို နိုးမသွားဘူး ​ကျောင်း​ရောက်​မှ ​တွေ့မယ်​ ဘာမယ်​ နဲ့´  တတွတ်​တွတ်​ရွတ်​​နေကာ မီးဖိုခန်း ထဲသို့ ခပ်​သွက်​သွက်​ သွားလိုက်​​လေသည်​။မီးဖိုခန်း ထဲကို​ရောက်​​တော့ ထမင်းစားပွဲတွင်​ အကျအန ထိုင်​ကာ ကြက်​​ကြော်​စား​နေ​သော ချယ်​​ယောင်း ကို မြင်​​လိုက်​ရသည်​မို့ ဂျင်းနီ အံ့သြသွားကာ ချယ်​​ယောင်း နားသို့ သွားလိုက်​​လေသည်​။

"​ကျောင်းမသွားဘူးလား...???"

သူမ ​မေးလိုက်​​တော့ ချယ်​​ယောင်း က သူမ အား လူထူးဆန်းသဖွယ်​ ကြည့်​လာ​လေသည်​။

"ဒီ​နေ့ ပိတ်​တယ်​​လေ......!"

"ဟမ်​.....တစ်​ရက်​ပဲတက်​ရ​သေးတယ်ေ​လ.....ဘယ်​လိုလုပ်​ပြီး......"

ချယ်​​ယောင်း ဂျင်းနီ အား 'အ ရန်​​ကော´ ဟူ​သော အကြည့်​ကြည့်​​ပေးလိုက်​ကာ ​ဘေးနားရှိ ​ရေခွက်​အား ယူကာ ​မော့​သောက်​လိုက်​ပြီး​နောက်​...

"ပြက္ခဒိန်​ ​လေး ဘာ​လေး လည်း ကြည့်​ပါဦးဟယ်​"

ချယ်​​ယောင်း ​ပြောမှ ဂျင်းနီ ဖုန်း ကို ထုတ်​ကာ ကြည့်​လိုက်​​တော့ ​ကျောင်းပိတ်​ရက်​ဖြစ်​​နေ​လေသည်​။ထို့​ကြောင့်​ သက်​ပြင်းချလိုက်​ကာ ချယ်​​ယောင်း ရဲ့ ​ရှေ့တွင်​ ၀င်​ထိုင်​လိုက်ပြီး​နောက်​ ချယ်​​ယောင်း ​ရဲ့ ​ဘေးက ​ရေခွက်​ ကို ဆွဲယူ ကာ​သောက်​လိုက်​​တော့သည်​။

SHEWhere stories live. Discover now