54

261 33 4
                                    

Uni

"သင်တန်းတော့ လာနိုင်သေးသားနော်"

သင်တန်းထဲ ဝင်ဝင်ချင်း ခနဲ့သောစကားကိုဆိုလာသော ချစ်ရသူကြောင့် စာအုပ်ထိုင်ဖတ်နေသော လာလီဆာ ခဗျာ အကြောင်သား။

"နောက်ဆို ရှင့်ကောင်မလေးကို ပြောထားပါ...သူများရဲ့ အိပ်ချိန်တွေ ဘာတွေကို သတိထားပေးပါဦးလို့..."

နှုတ်ခမ်းလေးတထော်ထော်ဖြင့် သူ့အားရန်တွေ့နေပုံမှာ တကယ် ချစ်ဖွယ်အတိ။

ဒါဟာ သဝန်တိုခြင်းပင်မလား။

ချစ်ခြင်းရဲ့ အစဟာ သဝန်တိုခြင်းပဲလေ။

နောက် သူမလေးရဲ့စိတ်ထဲမှာ သူဟာ နေရာအများကြီး ယူထားပြီဆိုတာကိုလည်း သိလိုက်ရသဖြင့် လာလီဆာ တစ်ယောက် ဝမ်းသာလုံးဆိုးနေလေသည်။

"နေပါဦး....ကျွန်မ ရဲ့ နံပါတ်ကို ရှင့်မိန်းမ ကို ဘာကိစ္စပေးထားတာလဲ ဒါprivacy မဟုတ်ဘူးလား..ရှင့် ကို တကယ်စိတ်ပျက်တယ်သိလား"

ချစ်ရသူရဲ့ စကားများမှာ အကောင်းဘက်မှ တစ်ဆင့် အဆိုးဘက်ကို ဦးတည်နေသည်မှာ ကြည်နူးနေသော စိတ်ကလေးတောင် လွင့်စင်လုနီးပါး။

"နောက်ပြီး ဒီနေ့လာတာ နောက်ဆုံးပဲဆိုတာ လာပြောတာ"

မထင်မှတ်ထားသော စကားကြောင့် ဘယ်ဘက်ရင်ဘတ်ဟာ ဒိတ်ခနဲ။

"အဲလိုလုပ်လို့မရဘူးလေ"

လက်သင့်မခံနိုင်သည်မို့ အငြင်းစကားကို ဆိုမိတော့ ချစ်ရသူရဲ့ မျက်နှာပေါ်တွင် တွေ့လိုက်ရသည်က စိတ်ပျက်မှုများသာ။

"privacy လေးတစ်ခုတောက် ကောင်းကောင်းမထိန်းသိမ်းနိုင်ဘဲ ရှင့်ကိုယ်ရှင် ဆရာဆိုပြီး လုပ်နေတာတော့ မဟုတ်သေးဘူးနော်.....နောက် ကျွန်မ မတက်တာကလည်း အဲကိစ္စနဲ့တော့ သိပ်မဆိုင်ပါဘူး...wedding နီးပြီဆိုတော့ ပြင်ဆင်စရာပြင်ဆင်ရအောင်လေ...ဖိတ်စာတော့ပို့ပေးလိုက်ပါ့မယ်...ဒါဆို ခွင့်ပြုပါဦး.."

သူဖြစ်ချင်သမျှ သူလုပ်ချင်သမျှကိုသာပြောသွားပြီး သူ့ဆန္ဒအား လုံးဝမေးဖော်မရသော ချစ်ရသူရဲ့ နောက်ကျောပြင်သေးသေးလေးဟာ သူ့ရင်အစုံကို ဓားတစ်ချောင်းဖြင့် ထိုးနှက်သွားသလိုပင်။

SHEWhere stories live. Discover now