49

334 35 6
                                    

Zawgyi

အိုဂျီဟွန်း ညဉ့်​နက်​သည်​အထိ အလုပ်​လုပ်​​နေရင်း အိပ်​ချင်​လာပြီဖြစ်​​သော်​လည်း အလုပ်​ကိစ္စ​တွေက မပြီးပြတ်​​သေး​ချေ။

ထို့​ကြောင့်​ ​ကော်​ဖီ ​ဖျော်​ရန်​ ​အောက်​ထပ်​သို့ ဆင်းသွားလိုက်​​လေသည်​။

အောက်​ထပ်ကို ​ရောက်​​တော့ ​ထမင်းစားပွဲတွင်​ ငူငူငိုင်​ငိုင်​ကြီးထိုင်ေ​န​သော ချစ်​ရသူကို ​တွေ့လိုက်​ရသဖြင့်​ စိတ်​ပူသွား​လေ​တော့သည်​။

"bae ဘာဖြစ်​လို့လဲ....?"

"........"

ချစ်​ရသူက မည်​သည့်​စကားမှ ဖွင့်​အံမလာသည်​မို့ ဂျီဟွန်း ပိုစိတ်​ပူသွား​လေ​တော့သည်​။

"ကိုကို...."

"အင်း...."

"bae ဟင်းချက်​သင်​တန်းတက်​ချင်​တယ်​"

"ဟင်​...."

"​ရေခဲ​သေတ္တာထဲမှာ အန်​တီ ပို့ထားတဲ့ ဟင်း​တွေ​တွေ့တယ်​.....bae က ဘာကိုမှ မမှတ်​မိဘူးဆို​ပေမယ့်​....ကိုကို့ ​တော့ bae ကိုယ်​တိုင်​ချက်​​ကျွေးချင်​တာ...."

"ပင်​ပင်​ပန်းပန်း​တွေလုပ်​ရင်​ bae ​နေမ​ကောင်းဖြစ်​လိမ့်​မယ်​​လေ....."

"ကိုကို က ငြိုငြင်​တာလား....!"

"မငြိုငြင်​ရဲပါဘူး ​ဗျာ.....ဒီကိစ္စ​လေးအတွက်​နဲ့ အခုထိမအိပ်​ရ​သေးဘူးလား...."

"ဟုတ်​ပါဘူး.....ကိုကို့ ကို ​စောင့်​​နေတာ​လေ...."

"အတတ်​က​လေး ကဲ ဘာလိုချင်​ပြန်​ပြီလဲ..."

"ဟိုဟာ​လေ သင်​တန်းတက်​ရင်​ အပြင်​မှာသွားတက်​မယ်​​လေ....​နော်​....​နော်​.....​နော်​လို့....!"

ချစ်​ရသူ ရဲ့ စကား​ကြောင့်​ ဂျီဟွန်း အတန်​ငယ်​ စဉ်းစားလိုက်​ပြီး​နောက်​ ​ခေါင်းငြိမ့်​လိုက်​​လေသည်​။

"​ရေး......ဒါမှ bae ကိုကို ကွ.....!!"

"ဒါဆို ကိုယ်​ စီစဉ်​စရာ​တွေ စီစဉ်​​လိုက်​ဦးမယ်​......သင်​တန်းကို​တော့ ​နောက်​တစ်​ပါတ်​မှ သွား​ပေါ့.....ဟုတ်​ပြီလား....."

SHEWhere stories live. Discover now