22

369 52 0
                                    

Zawgyi

မနက်​ခင်းရဲ့  နူးညံ့​နွေး​ထွေး​သော​နေ​ရောင်​ခြည်​စ​လေးက ပြတင်း​ပေါက်​မှ တစ်​ဆင့်​ဖြတ်​သန်းလာပြီး​နောက်​တွင်​ အိပ်​​ပျော်​​နေ​သော မိန်းမပျို​လေးတစ်​​ယောက်​​ပေါ်သို့ နူးညံ့စွာ ဆင်းသက်​ခစား​နေ​လေသည်​။
နေ​ရောင်​ခြည်​စ​လေးရဲ့ စူးရှ​လှ​သောအလင်းတစ်​ချို့​ကြောင့်​ ထိုမိန်းမပျိုက​လေး မှာ အိပ်​​နေရာမှ နိုးထလာခဲ့​လေသည်​။

မျက်​နှာထက်​သို့ကျ​ရောက်​လာ​သော ​နေ​ရောင်​ခြည်​စ​လေးတစ်​ချို့​ကြောင့်​ ဂျင်းနီ နိုးထလာခဲ့​သော်​လည်း သူမ ရဲ့ အခန်းထဲတွင်​ ထူးဆန်း​သော အနံ့အသက်​တစ်​ခုရ​နေသည်​မို့ အိပ်​​နေရာမှ ကုန်းရုန်းကာထလိုက်​​တော့ သူမ ၏ မှန်​တင်​ခုံ ရဲ့ ​ရှေ့တွင်​ ​အေး​ဆေးစွာထိုင်​​နေပြီး ​ရေစို​နေ​သော ဆံပင်​အား dryer ဖြင့်​မှုတ်​​နေ​သော လီဆာ့ ကို ​တွေ့လိုက်​​လေသည်​။

ထို့​နောက်​ သူမ တစ်​ခုခု ကို စဉ်းစားမိသွားသဖြင့်​ ​ရေချိုးခန်းထဲသို့ အ​ပြေးတ​ကော ၀င်​သွား​လေသည်​။

"ကုန်​ပါပြီ ကုန်​ပါပြီ ငါ့ ဟာ​လေး​တွေ.....ရား!!!......လီဆာ နင်​ က​တော့!!!"

ဂျင်းနီ တ​စ်​​လောကမှ ၀ယ်​ထား​သော အသစ်​စက်​စက်​ shampoo ​လေးကို လီဆာ က ခွင့်​မ​တောင်းဘဲ သုံးလိုက်​ခြင်း​ကြောင့်​ သူမ ထို shampoo ဗူး​လေးကိုကိုင်​ကာ လီဆာ ရှိရာ မှန်​တင်​ခုံ ​နားသို့ ​ဒေါသ တကြီးဖြင့်​ သွားလိုက်​​လေသည်​။

"နင်​ ဒါ ဘာလုပ်​လိုက်​တာလဲ!!"

"သုံးလိုက်​တာ​လေ...ဘာဖြစ်​လို့လဲ??"

"ဒါ​လေး တစ်​ခု ရဖို့အတွက်​နဲ့ ငါ ဘယ်​​လောက်​ထိ​တောင်​ ကြိုးစားခဲ့ရလဲဆိုတာ နင်​သိလား!!"

"မသိဘူး​လေ??"

သူမ ရဲ့ ကြိုးစားမှု​တွေ ကို အသိအမှတ်​ပြုခြင်းမရှိ​သော လီဆာ ​ကြောင့်​ ​​ဒေါသ က ငယ်​ထိပ်​ထိ​စောင့်​တက်​လာ​လေသည်​။သူမ ၀ယ်​ခဲ့သည့်​ ထို shampoo ​လေး မှာ လူ​တော်​​တော်​များများရဲ့ အကြိုက်​ထဲတွင်​ပါ​၀င်ေ​နပြီး ဆိုင်​တွင်​လည်း တင်​လိုက်​သည်​နှင့်​ တန်းကုန်​သည့်​စာရင်း ​တွင်​ပါသည်​မို့ ထို shampoo ​ရောက်​လာမည့်​ ရက်​ကို ဆိုင်​က ၀န်​ထမ်း​လေးအား မရမက ​မေးမြန်းကာ ​​စောင့်​ဆိုင်းပြီး ၀ယ်​ခဲ့ရခြင်းဖြစ်​​လေသည်​။ထို shampoo ​လေး မှာ strawberry နံ့​လေးလည်း သင်း​နေသဖြင့်​ လူ​တော်​​တော်​များများကြိုက်​ကြသည်​မှာ​တော့ သိပ်​မထူးဆန်းလှ​ပေ။
ဂျင်းနီ သူမ ရဲ့ နှာဖျား​လေးအား လာ​ရောက်​ကျီစား​နေ​သော သူမ shampoo ရဲ့ အ​ငွေ့အသက်​​လေး​​တွေကို ရတိုင်း ​ဒေါသ​တွေက တစ်​ဆင့်​ ထက်​တစ်​ဆင့်​မြင့်​တက်​​နေပြီဖြစ်​​လေသည်​။

SHEWhere stories live. Discover now