9

361 52 0
                                    

Zawgyi

သူမ တို့​ကျောင်းဆင်း​တော့ ချယ်​​ယောင်း က ဂျင်းနီ ရဲ့ လွယ်​အိတ်​ကို ယူကာ ​ပြေးသွား​လေသည်​။
ချယ်​​ယောင်း ရဲ့ ရုတ်​တရက်​ဆန်​လှ​သော အပြုအမူ​ကြောင့်​ ဂျင်းနီ လန့်​သွားကာ ချက်​ချင်းပင်​ ချယ်​​ယောင်း ​နောက်​ကို ​ပြေးလိုက်​သွား​လေသည်​။
ဒီလိုနဲ့ ဂျင်းနီ ချယ်​​ယောင်း ​နောက်​က ​ပြေးလိုက်​ရင်း စက်​ဘီး ထားသည့်​​နေရာသို့​ ​ရောက်​သွား​တော့ ချယ်​​ယောင်း က စာအုပ်​တစ်​အုပ်​ကို ဖင်​ပြန်​​ခေါင်း​ပြန်​​မွှေ​နှောက်​ကာ ကြည့်​​နေ​လေသည်​။

"ဟိုစာရွက်​က​ရော?"

ချယ်​​ယောင်း ၏ အ​မေး​ကြောင့်​ ဂျင်းနီ ရဲ့ မျက်​နှာထက်​တွင်​ အပြုံးတစ်​ပွင့်​ ​ပေါ်လာပြီး

"ဟားဟား....နင့်​ အ​ကြောင်းသိလို့​လေ ဒီမှာ...!"

သူမ ၏ အင်္ကျီအိတ်​ကပ်​ ထဲမှ သူမ အရံသင့်​ဖြဲထားသည့်​ စာရွက်​ ကို ထုတ်​ပြကာလိုက်​​တော့ ချယ်​​ယောင်း က သူမ ကို အသားဖြတ်​​တော့မည့်​ နှယ်​ ​ကြည့်​​နေကာ သူမ လက်​ထဲက စာရွက်​ အား လိုက်​ကာ လု​လေ​တော့သည်​။
ဂျင်းနီ လည်း ချယ်​​ယောင်း လက်​က လွတ်​​အောင်​​ပြေးရင်း ခပ်​လှမ်းလှမ်းတွင်​ ဂျီဆူ တို့ကို မြင်​လိုက်​​သဖြင့်ဂျီဆူ တို့နား ကို အမြန်​​ပြေးသွားလိုက်​ကာ ဂျီဆူ့ ​နောက်​တွင်​ ပုန်း​နေလိုက်​​လေသည်​။

"ရား....ဂျင်းနီကင်​! နင်​ သတ္တိရှိရင်​ ထွက်​လာခဲ့!!!"

ချယ်​​ယောင်း ရဲ့ စကား​ကြောင့်​ ဂျင်းနီ တစ်​​ယောက်​ ဂျီဆူ့ ​နောက်​မှတွင်​ပုန်း​နေရာမှ ချယ်​​ယောင်း အား ​လျှာထုတ်​ကာ ​ပြောင်​ပြလိုက်​​လေသည်​။
ထို့​နောက်​ ချယ်​​ယောင်း မြင်​သာ​စေရန်​ စာရွက်​ကို ​ထောင်​ပြလိုက်​ပြီး​နောက် ​ထိုစာရွက်​အား ဂျီဆူ့ ​ဘေးနားတွင်​ ရပ်​​နေ​သော လီဆာ့ ၏ အိတ်​ကပ်​ထဲသို့ လီဆာ မသိ​အောင်​ အ​နောက်​မှ တိတ်​တိတ်​က​လေး ထည့်​လိုက်​​လေသည်​။

ထို့​နောက်​ ချယ်​​ယောင်းကို မျက်​ခုံးပင့်​ ​မေး​ငေါ့ပြကာ 'နင်​ ဘာတတ်​နိုင်​​သေးလဲ´ ဟူ ​သော ပုံစံ လုပ်​ပြလိုက်​ပြီး​နောက်​ အနိုင်​ရသူတစ်​​ယောက်​၏ အပြုံးကို နှုတ်​ခမ်းတွင်​ချိတ်​ဆွဲလိုက်​​လေသည်​။

SHEWhere stories live. Discover now