17

361 52 0
                                    

Zawgyi

ဂျင်းနီ တံခါး ကို ဖွင့်​ရန်​ ကြိုးစား​သော်​လည်း အချည်းအနှီးသာဖြစ်​​နေ​လေသည်​။
ထို့​နောက်​ ချယ်​​ယောင်း တို့က သူမ ကို စက်​ဘီး stand တွင်​ မ​တွေ့ပါက လာရှာလိမ့်​မည်​ ဟုသာ ​တွေးထားလိုက်​ပြီး ​ပါလာ​သော လွယ်​အိတ်​ကို ​ခေါင်းခုလိုက်​ကာ  သက်​​တောင့်​သက်​သာ လှဲ​နေရင်း ​ကောင်းကင်​ကြီး ကိုကြည့်​​နေလိုက်​​လေသည်​။

ခေါင်​မိုးထပ်​ ဖြစ်​သည်​မို့ ​ကောင်းကင်​ကြီး ရဲ့ အလှကို အတိုင်းသားမြင်​​နေရပြီး သူမ နှင့်​ ​ကောင်းကင်​ကြီး ကြားတွင်​လည်း မည်​သည့်​ အ​နှောက်​အယှက်​မှ ရှိမ​နေ​ပေ။

ဂျင်းနီ ​​ကောင်းကင်​ထက်​မှ တိမ်​စိုင်​​လေး​တွေကို ကြည့်​ကာ ပုံ​ဖော်​​ရင်း အ​တွေး​တွေထဲ လွင့်​​မျော ​နေစဉ်​ ​ခြေသံအ​မြောက်​အမြားကို ကြားလိုက်​ရသဖြင့်​ သူမ နားစွင့်​လိုက်​​လေသည်​။
ထို​ခြေသံ​တွေက ​ခေါင်​မိုးထပ်​ သို့တက်​လာ​နေသည့်​ ​အသံ​တွေဖြစ်​ပြီး လူအင်​အားက ငါး​ယောက်​ခန့်​​ကျော်​မည်​ ဟု ခန့်​မှန်းရသဖြင့်​ ဂျင်းနီ အသင့်​အ​နေအထား ယူလိုက်​​လေသည်​။

သူမ ထင်​သည့်​အတိုင်းပင်​......ဖွင့်​အံ လာ​သော တံခါးနှင့်​အတူ ​ကျောင်းသား ငါး​ယောက်​ ခန့်​က သူမ ​ရှေ့တွင်​ ရပ်​​နေကြ​လေသည်​။သူမ တို့​ကျောင်းက မိန်းက​လေး ​ကျောင်းဖြစ်​ပြီး ​ယောကျာင်္း​လေး ဆိုလို့ ဆရာ တစ်​​ယောက်​နှစ်​​ယောက်​သာ ရှိ​သော်​လည်း ယခု သူမ ​ရှေ့ က သူ​တွေက​တော့ သူမ သိ​သော သူ,တစ်​​ယောက်​မှမပါ​ချေ။

ထို​ယောကျာင်္း​လေး​တွေက ​သူမ တို့ရဲ့ ​ကျောင်းဝန်းထဲ​တောင်​ မဟုတ်​ဘဲ ​ခေါင်​မိုးထပ်​ ​ပေါ်အထိ​တောင်​ ​ရောက်​လာပုံ​ထောက်​ရင်​ ဒါက သာမာန်​ကိစ္စဖြစ်​နိုင်​ပုံမရ​ပေ။
ထိုစဉ်​ သူတို့ထဲမှ ​ခေါင်း​ဆောင်​ဖြစ်​ပုံရ​သော နီ​ကြောင်​​ကြောင်​ ဆံပင်​နဲ့လူ​တစ်​​ယောက်​က သူမ ကို ရမက်​ဆန်​​သော မျက်​လုံးများဖြင့်ကြည့်​လာ​လေသည်​။

"အာ...ဒီ​လောက်​လှတာ မှတ်​​လောက်​သား​လောက်​​အောင်​ ဆုံးမ​ပေးရမယ်​ဆို​တော့ကွာ...နှ​မြောစရာကြီး..."

SHEWhere stories live. Discover now