31

338 46 6
                                    

Zawgyi

ဂျင်းနီ တစ်​​ယောက်​​တော့ သူမ ရဲ့ အခန်းထဲတွင်​ ကစားကွင်းသဖွယ်​ ​ဆော့ကစား​နေကာ TV ကြည့်​လိုက်​ ​ပေါက်​​ပေါက်​စားလိုက်​ ဖြင့်​ ​အော်​ရယ်​ ​နေကြ​သော လူတစ်​စု​ကြောင့်​ ​ဆေးရုံက ​ပြေးဆင်းချင်​စိတ်​​တွေပါ​ပေါက်​လာ​သော်​လည်း ဆရာဝန်​​လေးက သုံးရက်​​လောက်​​နေရဦးမည် ဟု ဆို​သော​ကြောင့်​ ​ဒေါသ​တွေကို ထိန်း​နေရ​လေသည်​။
ဒီအတိုင်းဆို အဖျားနဲ့မဂန့်​ဘဲ သူတို့​တွေ​​ကြောင့်​ စိတ်​​ထောင်းကိုယ်​​ကြေဖြစ်​ပြီး ဂန့်​,သွားနိုင်​ကိန်းကို မြင်​​နေရ​လေသည်​။

ချယ်​​ယောင်း ကလည်း ထူးထူးဆန်းဆန်းပင်​ ထိုအဖွဲ့ နဲ့ ဓာတ်​ကျသွားကာ အခုဆို ငယ်​​ပေါင်းကြီး​ဖော်​​တွေအတိုင်း ​မွှေချင်​သလို​မွှေေ​နကြပြီး ၀ုန်းဒိုင်းကြဲ​နေကြ​လေသည်​။
VIP room မို့ အသံလုံ၍သာ ​တော်​​တော့သည်​။မဟုတ်​လျှင်​ သူမ ပါ ​ဆေးရုံထဲက ဆွဲထုတ်​ခံရကိန်းပင်​။

ဂျီဆူ က ​တော့ သူတို့ ဒဏ်​ကိုမခံနိုင်​၍ထင်​သည်​ 'အိမ်​ခန ပြန်​ဦးမယ်​´ ဟု ဆိုကာ ထွက်​သွား​လေ​တော့သည်​။

...........

ယခုတွင်​​တော့ သူမ ရဲ့ အခန်း​လေးမှာ ​စောန က အ​ခြေအ​နေများနှင့်​ ကွာခြားလွန်းစွာပင် ​တိတ်​ဆိတ်​​နေ​လေ​တော့သည်​။
အ​ကြောင်းမှာကား သရဲကားကြည့်​​နေကြ၍ပင်​။

ဂျင်းနီ လည်း တစ်​​ယောက်ထဲ​နေရတာ ပျင်းလာ​သော​ကြောင့်​ သူတို့ကြည့်​​နေ​သော ဇာတ်​ကား ကို လိုက်​ကြည့်​လိုက်​မိရင်းက ​တော်​​တော်​ပင်​ စွဲသွား​လေ​တော့သည်​။

ဇာတ်​ကားထဲတွင်​ မင်းသမီး က ​ရှေး​ခေတ်​က အိမ်​​ရှေ့စံမင်းသမီးတစ်​​ယောက်​ဖြစ်​ပြီး မ​သေမရှင်​ဘ၀ နှင့်​ သူမ ရဲ့ ချစ်​သူ ပြန်​အလာကို ​ယခုအချိန်​အထိ ​စောင့်​ဆိုင်း​နေ​သော သူလည်း ဖြစ်​​လေသည်​။နောက်​ပြီး နှစ်​၆၀၀​ ​နေလို့်မှ သူမ ရဲ့ ချစ်​သူက သူမ ရဲ့ ​ရှေ့ ကို ပြန်​​ရောက်​မလာပါက မ​ကောင်းဆိုးဝါးနှင့်​ အ​ပေးအယူလုပ်​ထားသည့်​အတိုင်း သူမ ရဲ့ စိတ်​၀ိဥာဉ် ​ကို မ​ကောင်းဆိုးဝါးထံ​ပေးအပ်​လိုက်​ရမှာဖြစ်​​ပြီး ထိုအချိန်​ပြည့်​ရန်​လည်း တစ်​နှစ်​​ကျော်​​ကျော်​​လောက်​သာ လို​တော့သည့်​ အချိန်​တွင်​ တိုက်​တိုက်​ဆိုင်​ဆိုင်​ပင်​ သူမ ရဲ့ ချစ်​ရသူနှင့်​ ရုပ်​ချင်းချွတ်​စွပ်​တူ​သော သူတစ်​​ယောက်​နှင့်​ သူ့သူငယ်​ချင်းတစ်​စု က သူမ ​နေထိုင်​ရာ စံအိမ်​​တော်​ကြီးသို့ လာ​ရောက်​လည်​ပတ်​ကြ​လေ​တော့သည်​။

SHEWhere stories live. Discover now