16

357 58 2
                                    

Zawgyi

ဂျင်းနီ ရဲ့ ဆု​တောင်း​ပေးမှု​ကြောင့်​ ချယ်​​ယောင်း တစ်​​ယောက်​ ကံ​ကောင်း​ထောက်​မစွာဖြင့်​ ​သေမည့်​​ဘေးနှင့်​ ကပ်​သီ​လေး လွဲခဲ့ရ​လေသည်​။
သို့​သော်​လည်း ​ပြေးလိုက်​ရသည်​နှင့်​ မတန်​​အောင်​ ချယ်​​ယောင်း ယူလာ​သော သတင်းမှာ အမှားကြီး ဖြစ်​​နေ​လေသည်​။

...........

ဒီ​နေ့တစ်​​နေ့လုံး ထို​ရှေး​ဟောင်းရွာ​လေးထဲတွင်​ပဲ အချိန်​ကုန်​ဆုံးကျမည်​ဖြစ်​ပြီး မနက်​ဖြန်​ ကျ​ရင်​​တော့ ​တောင်​​ပေါ်သို့ တက်​ကြမည်​ဖြစ်​​လေသည်​။

...........

ဂျင်းနီ ​တောင်​​ပေါ်တက်​​နေရင်း ​လမ်းတစ်​​လျှောက်​တွင်​​တွေ့ရ​သော ပန်းပင်​​လေးများ ၊ အ​ကောင်​ငယ်​​လေးများ ကို ဓာတ်​ပုံရိုက်​​နေသဖြင့်​ ချယ်​​ယောင်း တို့နှင့်​ လူစုကွဲသွား​လေသည်​။
ယခု အ​ခြေအ​နေအရ ​ပြောရမည်​ ဆိုလျှင်​ သူမ ၏ ​နောက်​တွင်​ လူသိပ်​မကျန်​​တော့​ပေ။
ဂျင်းနီ ​ဖြေး​ဖြေးမှန်​မှန်​ ဖြင့်​ ​တောင်​​ပေါ်တက်​​နေရင်း လမ်း​ဘေးတွင်​ အ​လေ့ကျ​ပေါက်​​နေ​သော အဖြူ​ရောင်​ ပန်းပွင့်​​သေး​သေး​လေး​တွေကိုကြည့်​ရင်း သ​ဘော​တွေကျ​နေ​လေသည်​။

ထို့​နောက်​ ထိုပန်း​လေး​တွေကို ဓာတ်​ပုံရိုက်​​လိုက်​ငါ နှုတ်​ဖျားမှ လည်း လွှတ်​ခနဲ ဖြင့်

"လှလိုက်​တာ"

"အင်း"

သူမ ရဲ့ နား,နားကိုကပ်​ကာ​ပြောလာ​သော လူတစ်​​ယောက်​​ကြောင့်​ ဂျင်းနီ လန့်​သွားကာ ခန္ဓာကိုယ်​ ဟန်​ချက်​ပျက်​သွား​လေသည်​။
တစ်​ဖက်​သို့ သူမ လဲကျသွား​တော့မည့်​ အ​ခြေအ​နေတွင်​ သူမ ရဲ့ ခါး​လေးထက်​ကို လက်​တစ်​ဖက်​​​က​ရောက်​ရှိလာပြီး သူမ တစ်​ကိုယ်​လုံးလည်း ထိုလူရဲ့ရင်​ခွင်​ထဲသို့ပစ်​၀င်​သွား​လေ​တော့သည်​။

သူမ ထိုလူ ကို ​မော့ကြည့်​လိုက်​​တော့ သူမ ရဲ့ ချစ်​ဦးသူ​လေးဖြစ်​​နေ​လေသည်​။

ထို့​​နောက် ​သူမ လီဆာ့ ရဲ့ ရင်​ခွင်​ထဲမှ အမြန်​ရုန်းထွက်​လိုက်​ကာ

SHEWhere stories live. Discover now