38

358 55 2
                                    

Zawgyi

နာရီလက်​တံက​လေး​တွေက တ​ရွေ့​ရွေ့ ဖြင့်​ကုန်​ဆုံးသွားလိုက်​သည်​မှာ လီဆာ က သူမ ကို ချိန်းထား​သော အချိန်​ပင်​ ​ရောက်​လုနီးနီး ဖြစ်​​နေ​လေပြီ ဖြစ်​သည်​။

ဂျင်းနီ ဧည့်​ခန်း ထဲရှိ နံရံ​ပေါ်မှ နာရီ​လေး ကို
ကြည့်​ကာ သက်​ပြင်း​တွေ ခဏခဏ ချ​မိ​နေ​လေ​တော့သည်​။

ထိုစဉ်​ ဂျီဆူ က အတန်းချိန်​ဆင်းပြီဖြစ်​သဖြင့်​ တိုက်​ခန်းထဲသို့ ၀င်​လာ​လေသည်​။
နောက်​ပြီး လီဆာ က သူမ အား ချိန်းထား​သော အချိန်​ကို​လည်း ​ရောက်​​နေပြီဖြစ်​သည်​မို့ ဂျင်းနီ ထိုင်​​နေရာမှ ထ,ရပ်​လိုက်​ပြီး အသက်​ပြင်းပြင်းရှုလိုက်​​လေ​တော့သည်​။

ထို့​နောက်​ လီဆာ ဘာ​ပြော​ပြော အဆုံးထိ 'ဘူး' ခံ ငြင်းမည်​ ဟု စိတ်​ပိုင်းဖြတ်​လိုက်​ကာ တိကျ​​သေချာ​သော ​ခြေလှမ်းများဖြင့်​ သူမတို့ နှစ်​​ယောက်​ ချိန်းထား​သော ​ကော်​ဖီ ဆိုင်​သို့ သွားလိုက်​​လေ​တော့သည်​။

ဘေးက ထိုအဖြစ်​ကို ကြည့်​​နေရတဲ့ သူ​တွေအဖို့​တော့ ဂျင်းနီ ရဲ့ ပုံစံက စစ်​တိုက်​ထွက်​​တော့မည့်​ စစ်​သည်​ တစ်​​ယောက်​နှယ်​ ဖြစ်​​နေ​လေ​တော့သည်​။

ဂျင်းနီ လီဆာ နှင့်​ ချိန်းထား​သော ဆိုင်​သို့ ​ရောက်​​တော့ လီဆာ က သူ ထိုင်​​နေကျ ​ထောင့်​စွန်းက ၀ိုင်း​လေးမှာပဲ ထိုင်​​နေသဖြင့်​ သူမ လည်း ထို​နေရာသို့ သတ္တိရှိရှိ သွားလိုက်​​လေသည်​။

ဂျင်းနီ လီဆာ နှင့်​ မျက်​နှာချင်းဆိုင်​ ထိုင်​ခုံတွင်​ ထိုင်​လိုက်​ပြီးသည့်​​ ​နောက်​တွင်​ လီဆာ့ အားပြုံးပြလိုက်​​လေသည်​။

"ဘာကိစ္စ..??"

သူမရဲ့ ​မေးခွန်း ကို လီဆာ က ပြန်​အ​ဖြေမ​ပေးဘဲ တစ်​ခုခုကို စူးစမ်း​နေ​သော မျက်​လုံးများဖြင့်​သာ ပြန်​ကြည့်​လာ​လေသည်​။

လီဆာ က သူမ ကို ဘာမှ ပြန်​မ​ပြောဘဲ ကြည့်​ပဲကြည့်​​နေသည်​မို့ ဂျင်းနီ ​နေရခက်​လာ​​လေ​တော့သည်​။

ထို့​ကြောင့်​ ဂျင်းနီ စားပွဲ​ပေါ်ရှိ ​ရေခွက်​​လေး ကို လှမ်းယူလိုက်​ကာ ​သောက်​လိုက်​​လေ​တော့သည်​။

SHEWhere stories live. Discover now